နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂရင်းဝုဒ်ကို အေတီကိုအသင်းမှ ဂျာအိုဖီးလစ်နှင့် အလဲအထပ်ပြုလုပ်ရန် မန်ယူအသင်း ကြိုးပမ်း

ဇွန်  ၃

မန်ယူအသင်းသည် လာမည့် နွေရာသီအပြောင်းအရွှေ့ကာလ တွင် အေတီကိုအသင်းမှ စိတ်ဝင်စားနေသည့် တိုက်စစ်မှူး ဂရင်းဝုဒ် ကို အလိုက်ပေး၍ ဂျာအိုဖီးလစ်ကို ခေါ်ယူရန် ကြိုးပမ်းလျက်ရှိ ကြောင်း သိရသည်။

တိုက်စစ်မှူး ဂရင်းဝုဒ်သည် ယခုနှစ်ဘောလုံးရာသီ ဂီတာဖေး အသင်းနှင့်အတူ ပြိုင်ပွဲစုံတွင် ခြေစွမ်းပြသ၍ ဂီတာဖေးအသင်း၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု ရယူနိုင်ခဲ့သောကြောင့် ဘာစီလိုနာအသင်းနှင့် အေတီကိုအသင်းတို့က ခေါ်ယူရန် ကြိုးပမ်း နေသဖြင့် မန်ယူအသင်းက ဂရင်းဝုဒ်ကို အလိုက်ပေး၍ အေတီကို အသင်းမှ တိုက်စစ်မှူး ဂျာအိုဖီးလစ်ကို ခေါ်ယူရန် စီစဉ်နေခြင်း ဖြစ်သည်။

ဂျာအိုဖီးလစ်သည် ဘာစီလိုနာအသင်း၌ အငှားစာချုပ်ဖြင့် ကစားနေသူဖြစ်ပြီး အသင်းနှင့်ပြိုင်ပွဲစုံ ၄၄ ပွဲ ပါဝင်ခဲ့ရာတွင် သွင်းဂိုး ၁၀ ဂိုးနှင့် ဂိုးဖန်တီးမှု ခြောက်ကြိမ်ပြုလုပ်၍ ခြေစွမ်းပြသ နိုင်ခဲ့သဖြင့် ဘာစီလိုနာအသင်း ဥက္ကဋ္ဌ လာပေါ်တာက ခေါ်ယူရန် ကြိုးပမ်းခဲ့ရာ ကစားသမား၏ လုပ်ခလစာနှင့် ပြောင်းရွှေ့ကြေး မြင့်မားမှုကြောင့် ခေါ်ယူနိုင်ခြင်းမရှိကြောင်း သိရသည်။

လက်ရှိတွင် ဂျာအိုဖီးလစ်သည် အေတီကိုအသင်း နည်းပြအဖွဲ့ နှင့် ဆက်ဆံရေး အဆင်မပြေမှုများရှိနေသည့်အတွက် အသင်းနှင့် ပြန်လည်ပူးပေါင်းရန် ဆန္ဒမရှိသောကြောင့် အေတီကိုအသင်း တာဝန်ရှိသူများက ကစားသမားကို အပြီးသတ် ရောင်းချရန် ဆုံးဖြတ်ထားသော်လည်း ဂရင်းဝုဒ်၏ ခြေစွမ်းကို နှစ်သက်နေ သဖြင့် မန်ယူအသင်း၏ အလိုက်ပေး ကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိနေသည်။

ဂျာအိုဖီးလစ်သည် ၂၀၁၉ ခုနှစ်က ဘင်ဖီကာအသင်းမှ အေတီကို အသင်းသို့ မြင့်မားသည့် ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိခဲ့သော် လည်း ပုံမှန်ပွဲကစားခွင့် လျော့နည်းခဲ့သောကြောင့် အသင်းနှင့် ဆက်ဆံရေး အဆင်မပြေမှုများရှိလာခဲ့ပြီး ပြီးခဲ့သည့် ဘောလုံး ရာသီက ချဲလ်ဆီးအသင်းသို့လည်းကောင်း၊ ယခုနှစ်တွင် ဘာစီ လိုနာအသင်းသို့လည်းကောင်း အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ ကစားခဲ့ရသည်။                                                             







သူရိန်






အခြားဆက်စပ်သတင်းများ