နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့စပါးအုံးဟု နာမည်ကျော်ကြားသော အောင်လအန်ဆန် COVID-19 ကူးစက်ခံရ

ရန်ကုန် ဇူလိုင် ၃


မြန်မာ့စပါးအုံးဟုနာမည်ကျော်ကြားသော One Championship ၏ နှစ်ထပ်ကွမ်း ရွှေခါးပတ်ဆုရှင်ကချင် တိုင်းရင်းသား အောင်လအန်ဆန်သည် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ခံနေရကြောင်းသူ၏ Facebook စာမျက်နှာတွင်ဇူလိုင် ၂ ရက်က အသိပေးကြေညာလိုက်သည်။

အောင်လအန်ဆန်သည် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်နေခြင်းရှိမရှိ သိရှိရန်အတွက် ပြီးခဲ့သည့်ဇွန်လ ၂၉ ရက်က သက်ဆိုင်ရာတွင် စမ်းသပ်စစ်ဆေးမှုခံယူခဲ့ရာ ဇူလိုင် ၂ ရက်တွင် ပိုးတွေ့ကြောင်း သိရသည့်အတွက် ယခုအခါ သူနှင့်သူ၏မိသားစုတစ်ခုလုံး Quarantine လုပ်ကာ သီးသန့် နေထိုင်နေပြီဖြစ်ကြောင်း သိရသည်။


၎င်းအနေနှင့် နှစ်ရက်ခန့်အဖျားတက်ခြင်း၊ ချွဲကျပ်ခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်းနှင့် အဆီပြန်ခြင်း စသည်တို့ကို ခံစားခဲ့ရသော်လည်း ယခုလက်ရှိတွင် သူ့မိသားစုတစ်ခုလုံး နေကောင်းကြကြောင်း သူ၏Facebook စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

မြန်မာနိုင်ငံဖွား ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် Middleweight တန်းရော Lightweight တန်းမှာပါ One Championship ၏ နှစ်ထပ်ကွမ်း ရွှေခါးပတ်ဆုရှင်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်က Fighters Only မဂ္ဂဇင်းက ကြီးမှူးကျင်းပသော World MMA Award ဆုပေးပွဲတွင်လည်း "International Fighter Of the Year" ဆုရထားသူဖြစ်ကြောင်းနှင့် လက်ရှိတွင် သူ၏ ဇနီး၊ သားသမီး ၂ ယောက်တို့နှင့်အတူ အမေရိကန်နိုင်ငံတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။


(မိုးယံထက်)






အခြားဆက်စပ်သတင်းများ