နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါ့မွန်ကို အနိုင်ရပြီး ရီးရဲလ်မက်ဒရစ်အသင်း ချန်ပီယံလိဂ် ဆုဖလား (၁၅) ကြိမ်မြောက် ဆွတ်ခူး

ဇွန် ၂

ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်အဖြစ် ဒေါ့မွန်အသင်းနှင့် ရီးရဲလ်မက်ဒရစ် အသင်းတို့ ယနေ့ နံနက်အစောပိုင်းက ဝင်ဘလေကွင်း၌ ယှဉ်ပြိုင်ကစား ကြရာ ရီးရဲလ်မက်ဒရစ်အသင်းက ဒေါ့မွန်အသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် နှစ်သင်းစလုံးက အခွင့်အရေးကိုယ်စီရရှိခဲ့ကြသော်လည်း အဆုံးသတ်ပိုင်း ပိုမိုကောင်းမွန်သည့် ရီးရဲလ်မက်ဒရစ် အသင်းက နောက်ကျဂိုးများဖြင့် ဒေါ့မွန်အသင်းကို အနိုင်ရရှိပြီး ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ပထမပိုင်းတွင် ဒေါ့မွန်အသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို ဖိအားပေးကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းခွင့်များ ရရှိခဲ့သော်လည်း အဆုံး သတ် လိုအပ်ချက်များကြောင့် ဦးဆောင်ဂိုးများနှင့် ဝေးကွာခဲ့ရသည်။ ပွဲကစားချိန် ၂၂ မိနစ်တွင် အဒီယီမီက ဂိုးသမား ကော်တိုရစ်ကိုကျော်ဖြတ် ပြီး ကန်သွင်းရာတွင် ကာဗာဂျယ် တားဆီးနိုင်ခဲ့သလို အီယန်မက်ဆန်၏ ပေးပို့မှုကတစ်ဆင့် ဖူလ်ခရက် ကန်သွင်းရာတွင် တိုင်ထိခဲ့ခြင်းကြောင့် ရီးရဲလ်မက်ဒရစ် အသင်း သက်သာရာရခဲ့ကာ ဂိုးမရှိ သရေဖြင့် ပထမပိုင်း ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းတွင် ရီးရဲလ်မက်ဒရစ်အသင်း ကစားပုံ ပြန်လည် ကောင်းမွန်လာပြီး ၇၅ မိနစ်တွင် တိုနီခရူးစ်၏ ထောင့်ကန်ဘော ဖြတ်တင်ပေးမှုကတစ်ဆင့် ကာဗာဂျယ်က ခေါင်းတိုက်ပြီး အဖွင့်ဂိုးကို သွင်းယူပေးခဲ့ကာ အနိုင်သေချာစေမည့် ဂိုးကို ၈၃ မိနစ်တွင် တန်ပြန် တိုက်စစ်ကတစ်ဆင့် ဗင်နီစီးယက်စ်က သွင်းယူပေးခဲ့သည်။

ရီးရဲလ်မက်ဒရစ်အသင်းသည် ချန်ပီယံလိဂ်ဆုဖလားအား ပြိုင်ပွဲ သမိုင်းတစ်လျှောက် (၁၅) ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၁-၂၀၂၂ ဘောလုံးရာသီနောက်ပိုင်း တစ်ကျော့ပြန် ဗိုလ်စွဲနိုင်ခဲ့ခြင်းဖြစ် သည်။                                                                                   







သူရိန်






အခြားဆက်စပ်သတင်းများ