နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုက်စစ်မှူး ဒီမာရီယာ အင်တာမီယာအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရှိ

ဇွန် ၂

ဘင်ဖီကာအသင်း တိုက်စစ် မှူး ဒီမာရီယာသည် အသင်း နှင့် စာချုပ်သက်တမ်း ကုန်ဆုံး ချိန်တွင် အလွတ်ပြောင်းရွှေ့ကြေး ဖြင့် ထွက်ခွာ၍ တိုက်စစ်မှူး မက်ဆီကစားနေသည့် မေဂျာလိဂ် ကလပ် အင်တာမီယာမီအသင်း သို့ ပြောင်းရွှေ့ရန် စီစဉ်ခဲ့ကြောင်း သိရသည်။

ဒီမာရီယာသည် ဂျူဗင်တပ် အသင်းမှ ဘင်ဖီကာအသင်းသို့ အလွတ်ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၄၈ ပွဲတွင် သွင်းဂိုး ၁၇ ဂိုးနှင့် ဂိုးဖန်တီးမှု ၁၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သဖြင့် အသင်း    တာဝန်ရှိသူများက သက်တမ်းတိုးရန် စီစဉ်ခဲ့သော် လည်း ၎င်းအနေဖြင့် အလွတ် ပြောင်းရွှေ့ခွင့်နှင့် ထွက်ခွာခဲ့ပြီး တစ်နိုင်ငံတည်းသား တိုက်စစ်မှူး မက်ဆီကစားနေသည့် အင်တာ မီယာမီအသင်းသို့ ပြောင်းရွှေ့ ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အသက် ၃၆ နှစ်အရွယ်ရှိ တိုက်စစ်မှူး ဒီမာရီယာသည် ယခင်က အာဂျင်တီးနားကလပ် ရိုဆာရီယိုစင်ထရယ် အသင်းသို့ ပြောင်းရွှေ့ရန် စီစဉ်ထားသော် လည်း အသက်အန္တရာယ်ခြိမ်း ခြောက်မှုများရှိနေသည့်အတွက် အသင်းဖော်ဟောင်း မက်ဆီနှင့် တိုက်စစ်မှူး ဆွာရက်ဇ် တို့ရှိနေ သည့် အင်တာမီယာမီအသင်း သို့ ပြောင်းရွှေ့ရန် စီစဉ်ခဲ့ပြီး စာချုပ်သစ်ကိစ္စကို အသေးစိတ် ထုတ်ပြန်ကြေညာခဲ့ခြင်း  မရှိ ကြောင်း သိရ သည်။







သူရိန်






အခြားဆက်စပ်သတင်းများ