နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံမှ အီးယူသို့ ပေးဆပ်ရမည့်အကြွေး ဒေါ်လာသန်း ၁၀ဝ နီးပါးအတွက် အချိန်ရွှေ့ဆိုင်းပေး

ရန်ကုန် ဇူလိုင်  ၃


ဥရောပသမဂ္ဂ(EU) အဖွဲ့ဝင် ၆ နိုင်ငံဖြစ်သည့် ဩစတြီးယား၊  ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နှင့် ပိုလန်နိုင်ငံများသို့ မြန်မာနိုင်ငံမှ ပြန်လည်ပေးဆပ်ရမည့် ကြွေးမြီနှင့်အတိုး အမေရိကန်ဒေါ်လာသန်း ၁၀ဝ နီးပါးအတွက် အချိန်ရွှေ့ဆိုင်းပေးလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ(EU in Myanmar)မှ ထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ် မေလမှ ဒီဇင်ဘာလအထိ ကာလအတွင်း မြန်မာနိုင်ငံမှပေးဆပ်ရမည့်ကြွေးမြီနှင့်အတိုး ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၉၈ သန်းကို ယခု COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားနေချိန်တွင်မြန်မာနိုင်ငံအနေနှင့် အခက်အခဲများလျော့နည်းသွားစေရန်ယခုကဲ့သို့ ရွှေ့ဆိုင်းပေးခြင်းဖြစ်ကြောင်း ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသို့ ယခုလ ၁ ရက်က ပေးပို့သော အကြောင်းကြားစာတွင် ဖော်ပြထားသည်။


ယင်းသို့ ရွှေ့ဆိုင်းပေးခြင်းသည် Team Europe ဟုခေါ်သောဥရောပအဖွဲ့မှ ကမ္ဘာတစ်ဝန်းတွင် COVID-19 ကြောင့် အကျပ်အတည်းဖြစ်နေသော နိုင်ငံများအားကူညီတုံ့ပြန့်မှုလုပ်ငန်းများ၏ တစ်စိတ်တစ်ပိုင်းသာဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ(EU in Myanmar)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဥရောပသမဂ္ဂ(EU)အနေနှင့် ယခင်ကလည်း မြန်မာနိုင်ငံကို ကြွေးမြီများ သက်သာခွင့်ပေးခဲ့ဖူးပြီး ယခုတစ်ကြိမ်တွင်လည်း COVID-19 ကူးစက် ကာလအတွင်း မြန်မာနိုင်ငံမှ ဥရောပသမဂ္ဂသို့ကြွေးမြီများ ပြန်လည်ပေးဆပ်ရမည့်ကာလ ရွှေ့ဆိုင်းမှုအစီအစဉ်ကို အပြည့်အဝထောက်ခံကြောင်းနှင့် မြန်မာနိုင်ငံမှငွေ ချေးယူထားသည့်အခြားသော မြီရှင်နိုင်ငံများ၊ အဖွဲ့အစည်းများအနေနှင့်လည်း အလားတူရွှေ့ဆိုင်းပေးကြရန် ဥရောပသမဂ္ဂမှ တိုက်တွန်းထားကြောင်း သိရသည်။

ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ