နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောင်းနေအရွယ်အားလုံး ကျောင်းအပ်ရေး ပူးပေါင်းဆောင်ရွက်ပေး

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာန အောက်ရှိ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့်အထက်တန်း အဆင့်ကျောင်းများကို ဇွန် ၃ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ သတ်မှတ်၍ ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်လျက် ရှိသည်။

နိုင်ငံတော်၏ မျှော်မှန်းချက်မှာ ကျောင်းနေအရွယ်ကလေး အားလုံး ကျောင်းသို့ရောက်ရှိရေးနှင့် အနည်းဆုံးကျောင်းသူကျောင်းသား  တိုင်း အခြေခံပညာအလယ်တန်း (KG + 9) ပြီးမြောက်ရေးဖြစ်ရာ ကျောင်းအပ်နှံရခြင်းအတွက် မိဘတို့အခက်မတွေ့စေရန်၊ တစ်ပြား တစ်ကျပ်မျှ မကုန်စေရန် စီမံဆောင်ရွက်ပေးထားသည်။ မြန်မာ နိုင်ငံတစ်နိုင်ငံလုံးတွင် ကျေးလက်ဒေသများ၌ အခြေခံပညာအလယ် တန်းကျောင်း ၁၃၈၇၉ ကျောင်း၊ မူလတန်းကျောင်း ၂၁၅၅၀ ကျောင်း၊ မြို့ပြဒေသတွင် အခြေခံပညာအလယ်တန်းကျောင်း ၁၆၂၆ ကျောင်း၊ မူလတန်းကျောင်း ၃၃၁၈ ကျောင်းရှိသည်။

ကျောင်းအပ်နှံရေးသီတင်းပတ်၏ ဒသမနေ့ဖြစ်သည့် ဇွန် ၁ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ ၆၂၇၅၆၉၁ ဦးအပ်နှံ ခဲ့ပြီး ဇွန် ၂ ရက်အထိ ဆက်လက်အပ်နှံလျက်ရှိသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်း များတွင် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများ နှင့် ဆရာ၊ ဆရာမများက လာရောက်အပ်နှံသူ၊ မိဘအုပ်ထိန်းသူ များနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပြီး ပညာရေးဝန်ကြီး ဌာနက ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်း သုံးစာအုပ်များကို ကျောင်းသားကျောင်းသူများအတွက် ထောက်ပံ့ ပေးအပ်ကြသည်။

ကျောင်းနေအရွယ်ကလေးများအားလုံး စာသင်ကျောင်းသို့ ရောက်ရှိအပ်နှံလာရေး၊ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူ မှု မဆုံးရှုံးစေရေး၊ မိဘ၊ အုပ်ထိန်းသူများ၊ ဆရာ၊ ဆရာမများ၊ ရပ်ရွာလူထုများ၊ ဌာနဆိုင်ရာများအားလုံးက အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့်  ဆောင်ရွက်ကြရပါမည့်အကြောင်း တိုက်တွန်းနှိုးဆော်ရပါသည်။






အခြားဆက်စပ်သတင်းများ