နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ယူအသင်းက ချဲလ်ဆီးကစားသမား ချာလိုဘာကို စတာလင်ပေါင် ၂၅ သန်းဖြင့် ခေါ်ယူရန် ကြိုးပမ်း

ဇွန်  ၁

မန်ယူအသင်းသည် အသင်း မှ ထွက်ခွာမည့် ခံစစ်ကစား သမား ဗာရန်း၏ နေရာတွင် အစားထိုးရန်အတွက် ချဲလ်ဆီး အသင်း ခံစစ်ကစားသမား ချာလို ဘာကို စတာလင်ပေါင် ၂၅ သန်း ဖြင့် ခေါ်ယူရန် ကြိုးပမ်းနေ ကြောင်း သိရသည်။

နည်းပြ တန်ဟက်၏ မန်ယူ အသင်းသည် ပြီးခဲ့သည့်ဘောလုံး ရာသီက ဗဟိုခံစစ်ကစားသမား များ မကြာခဏ ဒဏ်ရာရနေ သဖြင့် ခံစစ်ပိုင်း ပြဿနာနှင့် ကြုံတွေ့ခဲ့ရပြီး ယခုအခါ ဗဟို ခံစစ်ကစားသမား ဗာရန်းက အသင်းမှ ထွက်ခွာမည်ဟု အတည်ပြုခဲ့ပြီးနောက် ခံစစ်ပိုင်း လိုအပ်ချက်အတွက် ချဲလ်ဆီး အသင်း ခံစစ်ကစားသမား ချာလိုဘာနှင့် အစားထိုးရန် ဆုံး ဖြတ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ချဲလ်ဆီးအသင်း ကလည်း ဇွန်လမကုန်မီ အသင်း မှ ကစားသမားအချို့ ရောင်းချ ၍ ပရီးမီးယားလိဂ်၏ ဘဏ္ဍာရေး စည်းမျဉ်းကို ကျော်ဖြတ်နိုင်ရန် ကြိုးပမ်းနေသကဲ့သို့ ခံစစ်ကစား သမား ချာလိုဘာကို ရောင်းချ မည်ဖြစ်သောကြောင့် မန်ယူ အသင်းက ခေါ်ယူရန် ဆွေးနွေး မှုများ ပြုလုပ်နေပြီး ကစား သမား၏ ပြောင်းရွှေ့ကြေးမှာ စတာလင်ပေါင် ၂၅ သန်းသာ ရှိသောကြောင့် အပြောင်းအရွှေ့ မှာ ဖြစ်မြောက်လာဖွယ်ရှိကြောင်း သိရသည်။






သူရိန်






အခြားဆက်စပ်သတင်းများ