နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်သစ်နိုင်ငံတွင် COVID-19 ကြောင့် တစ်ရက်အတွင်း စံချိန်တင်လူသေဆုံးပြီး သေဆုံးသူ ၉၀၀၀ နီးပါးဖြစ်လာ

ဧပြီ ၇၊ ပါရီ ပြီးခဲ့သည့်တနင်္လာနေ့က ပြင်သစ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ရက်အတွင်း စံချိန်တင် လူသေဆုံးမှုအဖြစ် လူ ၈၃၃ ဦး သေဆုံးခဲ့သည်။ ဥရောပတွင် COVID-19 ကူးစက်ပျံ့နှံ့မှု အဆိုးရွားဆုံး ဖြစ်ပွားနေသည့် ပြင်သစ်နိုင်ငံတွင် လက်ရှိအချိန်အထိ COVID-19 ကြောင့် သေဆုံးသူ ၈၉၁၁ ဦး ရှိလာခဲ့ပြီး ရောဂါကူးစက်ခံရသူ ၉၈၀၁၀ ဦး ရှိလာခဲ့သည်။ ''ကျွန်တော်တို့ ရောဂါကူးစက်ပျံ့နှံ့မှု အထွတ်အထိပ်ကာလရဲ့ အဆုံးသတ်ကို မရောက်သေးပါဘူး''ဟု ပြင်သစ်ကျန်းမာရေးဝန်ကြီး အိုလီဗီရာဗီရန်က သတိပေးခဲ့သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း COVID-19 ကြောင့် လူသေဆုံးမှုအရေအတွက် ကျဆင်းခဲ့သည့် အီတလီနိုင်ငံမှာလည်း ပြီးခဲ့သည့် တနင်္လာနေ့တွင် လူသေဆုံးမှု တစ်ကျော့ပြန် မြင့်တက်လာခဲ့သည်။ သို့သော် စပိန်နိုင်ငံတွင် လေးရက်ဆက်တိုက် လူသေဆုံးမှု ကျဆင်းခဲ့သည်။ တူရကီနိုင်ငံတွင်လည်း COVID-19 ကူးစက်ပျံ့နှံ့မှု ရုတ်တရက်မြင့်တက်လာခြင်းကြောင့် တင်းကျပ်သည့် စည်းမျဉ်းများ ထုတ်ပြန်ခဲ့ရသည်။ အများပြည်သူ ပို့ဆောင်ရေးယာဉ်များ၊ ဈေးများ၊ လူထူထပ်သည့် နေရာများတွင် နှာခေါင်းစည်းမဖြစ်မနေ ဝတ်ဆင်ရန် လိုအပ်သည်ဟု အမိန့်ချမှတ်ထားပြီး တူရကီနိုင်ငံ၏ မြို့ ၃၁ မြို့လုံးတွင် မဖြစ်မနေသွားရမည့်ကိစ္စမျိုးမှလွဲ၍ အသွားအလာပိတ်ဆို့ထားသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ