နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းရရှိရေး အလေးထားကြိုးပမ်းဆောင်ရွက်

မျက်မှောက်ကာလတွင် ပြောင်းလဲလာသော ခေတ်စနစ် နှင့်အညီ ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲဖော်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် မူလအခြေအနေနှင့် ကိုက်ညီသော လယ်ယာကဏ္ဍပြုပြင်ပြောင်းလဲ‌ရေး လုပ်ငန်းများကို ဖော်ဆောင်လျက်ရှိသည်။

စိုက်ပျိုးရေးလုပ်ငန်းများတွင် အကြောင်းအမျိုးမျိုးသော အခက်အခဲများ၊ ခေတ်မမီသည့် စိုက်ပျိုးရေး နည်းစနစ်များကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွင် တိုးတက်မှုနှေးကွေးသည်။ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းတွင် မြေယာပြုပြင်ပေးနိုင်မှုသည် အဓိက လိုအပ်ချက်ဖြစ်သည်။

ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လယ်ယာ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး လုပ်ငန်းများကို ဦးတည်ဆောင်ရွက်လျက်ရှိသည်။ ယခင်နှစ်က ရေတော်၊ မိုးတော် မိုးစပါးစိုက်ဧကများအားလုံး ကြုံတွေ့ခဲ့ရသည့် အားသာချက်၊ အားနည်းချက်များ၊ စိန်ခေါ်မှုများ၊ ရေကြီးနစ်မြုပ်မှု ထိခိုက်ပျက်စီးမှုများအပေါ်ကို သုံးသပ်၍ မိုးစပါး စိုက်ရာသီအတွက် ကြိုတင်ပြင်ဆင်လျက်ရှိသည်။

ယင်းအခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် ခေတ်မီ မြေယာပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည် မြင့်မားသော လယ်ယာသုံးထွန်စက်များ သုံးစွဲခြင်း၊ စိုက်နည်းစနစ် မှန်ကန်ခြင်း၊ မျိုးကောင်းမျိုးသန့် ရွေးချယ် စိုက်ပျိုးခြင်းတို့ဖြင့် တောင်သူလယ်သများတို့၏ဘဝ တိုးတက်မှုမြင့်မားလာမည်ဖြစ် သည်။ 

တောင်သူလယ်သမားတို့ မိုးစပါးစိုက်ရာသီတွင် သွင်းအားစုများ အချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီရေးနှင့် ဈေးနှုန်းသက်သာ သော မြေဩဇာများရရှိရေးသည်လည်း အရေးပါသည်။ ယင်းအပြင် တိုင်းဒေသကြီးအဆင့်၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးများကို ဘက်စုံသုံးအစေ့ချစက်များ တီထွင်သုံးစွဲမှုကို ရှင်းလင်း သရုပ်ပြသလျက်ရှိသည်။ 

မြေယာပြုပြင်မှုတွင်    လက်ဆင့်ကမ်းသင်ပေးခဲ့သော လယ်သမားကြီးတို့ လက်သုံးစကားဖြစ်သည့်  "ထွန်တတ်ရင် မှန်ပြင်ဖြစ်ရမယ်။ မထွန်တတ်ရင် ဒယ်အိုးဖြစ်မယ်။ ရေ၊ နေ၊ မိုးရေ မညီမျှတဲ့အတွက် စိုက်ပျိုးသီးနှံ ကြီးထွားသန်စွမ်းမှုမရှိ၊ မြက်ပေါင်း ထူတယ်။ လယ်သားထွန်ရေးမချတတ်က ထွက်နှုန်းကျတတ်တယ်" ဟု ဆုံးမစကားက လယ်ယာမြေပြုပြင်ပေးနိုင်မှု၏ အရေးပါမှု လိုအပ်ချက်ကို အသိပေးနေသည်။

ယခုအခါ လက်ရှိဖြစ်ပေါ်နေသော အခြေအနေ အချိန်အခါ ကောင်းများကို ထိထိမိမိ အသုံးချကာ ခေတ်မီလယ်ယာစိုက်ပျိုးရေး စနစ်ကြီး ပေါ်ထွန်းလာရေးအတွက် ဝိုင်းဝန်းဆောင်ရွက်စေချင် ကြောင်း။      






အခြားဆက်စပ်သတင်းများ