နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လာလီဂါတစ်နှစ်တာအကောင်းဆုံး ကစားသမားဆု ရီးရဲလ်ကစားသမား ဘယ်လင်ဂမ်ရရှိ

မေ ၃၀

လာလီဂါ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ကို ရီးရဲလ်မက်ဒရစ်အသင်းတွင် ခြေစွမ်းကောင်းပြသနေသည့် ကွင်းလယ်ကစားသမား ဘယ် လင်ဂမ်ကရရှိခဲ့ကြောင်း သိရ သည်။

အသက် ၂၀ နှစ်အရွယ်ရှိ ဘယ်လင်ဂမ်သည် တစ်နှစ်တာ အကောင်းဆုံးဆုအတွက် အသင်း ဖော် ကစားသမား ဗင်နီစီးယက်စ်၊ အေတီကို တိုက်စစ်မှူး ဂရစ်ဇ် မန်း၊ ဂျီရိုနာ တိုက်စစ်မှူး ဒိုဘိခ်၊ ဘာစီလိုနာ တိုက်စစ်မှူး လီဝမ် ဒေါစကီးတို့ကို ကျော်ဖြတ်၍ ပရိသတ်များ၊ လာလီဂါ အသင်း ခေါင်းဆောင်များနှင့် ဘောလုံး ကျွမ်းကျင်သူများ၏ မဲပေးရွေး ချယ်မှု အများဆုံးရရှိခဲ့သဖြင့် အကောင်းဆုံးဆုကို ဆွတ်ခူးခဲ့ ခြင်းဖြစ်သည်။

ဘယ်လင်ဂမ်သည် ပြီးခဲ့ သည့်နှစ် နွေရာသီက ဒေါ့မွန် အသင်းမှ ရီးရဲလ်မက်ဒရစ်အသင်း သို့ ယူရို ၁၀၃ သန်းဖြင့် ပြောင်း ရွှေ့ခဲ့ပြီးနောက် အသင်းနှင့်အတူ  ပြိုင်ပွဲစုံ သွင်းဂိုး ၂၃ ဂိုးနှင့် ဂိုးဖန်တီးမှု ၁၂ ကြိမ် ပြုလုပ်ကာ ကွင်းလယ်ပိုင်းတွင် အကောင်းဆုံး ခြေစွမ်းပြသနေ‌ သောကြောင့် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဘယ်လင်ဂမ်သည် ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘောလုံး ရာသီကလည်း ဒေါ့မွန်အသင်း နှင့်အတူ ဘွန်ဒက်စ်လီဂါ တစ်နှစ်တာအကောင်းဆုံး ကစား သမားဆုကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။                       






သူရိန်






အခြားဆက်စပ်သတင်းများ