နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ဥရောပရွှေဖိနပ်ဆု တိုက်စစ်မှူး ဟယ်ရီကိန်း ဆွတ်ခူး

မေ  ၂၉

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ကုန်ဆုံးချိန်တွင် ဥရောပဂိုးသွင်း အများဆုံး ကစားသမားဆုကို ဘိုင်ယန်မြူးနစ်အသင်းနှင့် အတူ သွင်းဂိုး ၃၆ ဂိုး သွင်းယူ နိုင်ခဲ့သည့် တိုက်စစ်မှူး ဟယ်ရီ ကိန်းက ရမှတ် ၇၂ မှတ်ဖြင့် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ယူအီးအက်ဖ်အေ၏ အဆင့် သတ်မှတ်ချက်အရ ပရီးမီးယား လိဂ်၊ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒက်စ်လီဂါနှင့် ပြင်သစ်လီ ဂူးဝမ်းတို့မှ ကစားသမားများက သွင်းဂိုးတစ်ဂိုးလျှင် ရမှတ် နှစ်မှတ် ရရှိခဲ့ပြီး အခြားလိဂ်များက သွင်းဂိုး တစ်ဂိုးလျှင် ရမှတ် ၁ ဒသမ ၅ မှတ်သာရရှိခဲ့သကဲ့သို့ ဟယ်ရီကိန်းက ရမှတ်အများဆုံး ဖြင့် ဥရောပရွှေဖိနပ်ဆိုကို ရရှိခဲ့ ခြင်းဖြစ်သည်။

ယခုနှစ် ဘောလုံးရာသီ ဥရောပဂိုးသွင်းအများဆုံး ကစား သမား ၁၀ ဦးစာရင်းတွင် ဟယ်ရီကိန်းက ၃၆ ဂိုးဖြင့် ၇၂ မှတ်၊ စတုဂတ်မှ ဂီရက်ဆီက ၂၈ ဂိုးဖြင့် ၅၆ မှတ်၊ ပီအက်စ်ဂျီ မှ အမ်ဘတ်ပီက ၂၇ ဂိုးဖြင့် ၅၄ မှတ်၊ မန်စီးတီးမှ ဟာလန်းက ၂၇ ဂိုးဖြင့် ၅၄ မှတ်၊ လိုက်ပ်ဇစ်မှ အိုပန်ဒါက ၂၄ ဂိုးဖြင့် ၄၈ မှတ်၊ အင်တာမီလန်မှ မာတီနက်ဇ်က ၂၄ ဂိုးဖြင့် ၄၈ မှတ်၊ ဂျီရိုနာမှ ဒိုဘိခ်က ၂၄ ဂိုးဖြင့် ၄၈ မှတ်၊ ဗီလာရီးရဲလ်မှ ဆိုးလော့က ၂၃ ဂိုးဖြင့် ၄၆ မှတ်၊ ချဲလ်ဆီးမှ ပယ်လ်မာက ၂၂ ဂိုးဖြင့် ၄၄ မှတ် နှင့် ပီအက်စ်ဗွီမှ လုခ်ဒီဂျောင်းက  ၂၉ ဂိုးဖြင့် ၄၃ ဒသမ ၅ မှတ်ဖြင့် အသီးသီးရပ်တည်လျက်ရှိကြောင်း  သိရသည်။                      







သူရိန်






အခြားဆက်စပ်သတင်းများ