နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျင့်ဝတ်သိက္ခာလေးစား လိုက်နာ ဆောင်ရွက်ရေး ကြိုးပမ်းပေး

မြန်မာနိုင်ငံတွင် မုတ်သုံရာသီကို အဓိက အားထားမိုးစပါးကို အများအပြားစိုက်ပျိုးကြပြီး နွေစပါးကိုမူ ဆည်ရေအဆင်ပြေ သည့် ဒေသများတွင်သာ စိုက်ပျိုးကြခြင်းဖြစ်သည်။ စပါးပေါ်ချိန် နှင့် စပါးအထွက်နှုန်းပေါ်မူတည်၍ ဈေးနှုန်းပေါ်မူတည်၍ ဈေး နှုန်းအတက်အကျရှိနိုင်သည်မှာ ဈေးကွက်သဘာဝဖြစ်သည်ဟု ဆိုနိုင်သော်လည်း မိမိနိုင်ငံတွင် ဆန်ဈေးနှုန်းမတည်ငြိမ်မှုက အိမ်နီးချင်းဆန်တင်ပို့သည့် နိုင်ငံများထက် ပိုမိုမြင့်တက်နေ ကြောင်း ကမ္ဘာ့ဘဏ်၏ လေ့လာချက်တစ်ရပ်တွင် တွေ့ရသည်။

ယနေ့အခြေအနေတွင် အခြေခံစားသောက်ကုန်များ ဈေး နှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန်နှင့် ကုန်ပစ္စည်းပြတ်လပ်မှုများမရှိ စေရေးအတွက် ပိုမိုထိရောက်အောင် ဆောင်ရွက်ရန် နိုင်ငံတော်မှ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို ဖွဲ့စည်း၍ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ များ ပြင်ဆင်ဖွဲ့စည်းပြီး စားနပ်ရိက္ခာပြည့်ပြည့်ဝဝထုတ်လုပ်နိုင်  ရန် ထိထိရောက်ရောက် ကူညီပံ့ပိုးဆောင်ရွက်နေရာ ဒေသအသီး သီးတွင် ဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းများကို နေ့စဉ်စိစစ်ပြီး လိုအပ်သည့် ထိန်းကျောင်းမှုများကို စီမံဆောင်ရွက်လျက်ရှိ ကြောင်း တွေ့ရှိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၂၀၂၀ ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ ပြီးနောက် ပေါ်ပေါက်ခဲ့သော ပြည်တွင်း ပဋိပက္ခများအား နိုင်ငံတော်အစိုးရ၊ တာဝန်ရှိအဖွဲ့ အစည်းများနှင့် တည်ငြိမ်အေးချမ်းရေးကို လိုလားသော တိုင်းရင်းသားပြည်သူများက ဥပဒေနှင့်အညီ ဖြေရှင်းနိုင်ရေး အထူးအလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

အစွန်းရောက်အတ္တနိုင်ငံရေးသမားများနှင့် အကြမ်းဖက် အုပ်စုများကြောင့် အပြစ်မဲ့ပြည်သူအများအပြား သတ်ဖြတ်ခံရ ခြင်း၊ ပုဂ္ဂလိကပိုင်ပစ္စည်းများ ဖျက်ဆီးခံရခြင်း၊ ပြည်သူလူထု၏ ဘဏ္ဍာငွေများဖြင့် အချိန်ကြာမြင့်စွာ တည်ဆောက်ထားခဲ့ရသော လူမှုစီးပွားရေးဆိုင်ရာ အခြေခံအဆောက်အဦများ ပျက်ယွင်းခဲ့ ခြင်း၊ ဖျက်ဆီးခံရခြင်း စသည့်ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်။ ယင်း ဖြစ်စဉ်များကြောင့် အခြေခံလူနေမှုဘဝများ ကျပ်တည်းလာရ ခြင်း၊ နောက်ဆက်တွဲအနေဖြင့် လုယက်မှု၊ ပြန်ပေးမှု၊ မီးရှို့ ဖျက်ဆီးမှု၊ ခြိမ်းခြောက်မှု အဓမ္မမှုများအပါအဝင် ရာဇဝတ်မှုများ ပိုမိုအရှိန်မြင့်လာသည်။

နိုင်ငံတော်အနေဖြင့် ပြည်တွင်း ပဋိပက္ခအား ပြည်တွင်း အင်အားဖြင့် အထူးအလေးထားဆောင်ရွက်နေချိန်တွင် ခေတ် သစ်ကိုလိုနီဝါဒအဖြစ် အင်အားကြီးနိုင်ငံအချို့နှင့် အဖွဲ့အစည်း အချို့ နိုင်ငံတော်အပေါ် ပိတ်ဆို့တားဆီးမှု နည်းလမ်းတစ်ရပ် အဖြစ် ကျင့်သုံးလာကြသည်။ အရေးယူပိတ်ဆို့မှုများသည် နိုင်ငံ တော်အစိုးရကို ဦးတည်သော်လည်း ပကတိအခြေအနေမှာ ပြည်သူတစ်ရပ်လုံးအပေါ် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိ ရာ ပြည်သူတစ်ရပ်လုံးအနေဖြင့် တာဝန်သိသိ၊ ဂုဏ်သိက္ခာရှိရှိ၊ ကျင့်ဝတ်လိုက်နာသမာသမတ်ကျသော အသိုက်အဝန်းကို ခိုင်ခိုင်မာမာ တည်ဆောက်ထားနိုင်ရန် လိုအပ်ကြောင်း နှိုးဆော် ရပါသည်။    






အခြားဆက်စပ်သတင်းများ