နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘဏ္ဍာရေးစည်းမျဉ်းကြောင့် ကစားသမား အချို့ ရောင်းချရန် နော်တင်ဟမ်အသင်း ကြိုးပမ်း

မေ ၂၈

နော်တင်ဟမ်အသင်းသည် ပရီးမီးယားလိဂ်က ချမှတ်ထား သည့် ဘဏ္ဍာရေးစည်းမျဉ်းကြောင့် ငွေကြေးလိုအပ်ချက် ဖြစ်ပေါ် နေသဖြင့် ဇွန် ၃၀ ရက်မတိုင်မီ ကစားသမားအချို့ကို ရောင်းချ ရန် ကြိုးပမ်းနေကြောင်း သိရ သည်။

နော်တင်ဟမ်အသင်းသည် ပြီးခဲ့သည့် မတ်လက ပရီးမီး ယားလိဂ်က ချမှတ်ထားသည့် အကျိုးအမြတ်နှင့် ရေရှည်ထိန်း သိမ်းနိုင်မှု (PSR) စည်းမျဉ်းကို ချိုးဖောက်ခဲ့မှုကြောင့် ရမှတ် လေးမှတ်လျှော့ ပြစ်ဒဏ်ချမှတ် ခံခဲ့ရသဖြင့် အဆင့် ၁၇ သို့ ကျဆင်းခဲ့ကာ တန်းဆင်းဇုန်  အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ဘောလုံးရာသီပြီးဆုံးချိန်တွင် ပရီးမီးယားလိဂ်၌ ကျန်ရှိခဲ့သော် လည်း အသင်းအနေဖြင့် ငွေ‌ကြေး လိုအပ်ချက်ဖြစ်ပေါ်ခဲ့ပြီး လာမည့် ဇွန် ၃၀ ရက်မတိုင်မီ ဝင်ငွေရှာ ဖွေနိုင်ခြင်းမရှိပါက PSR စည်းမျဉ်း နှင့် ထပ်မံအရေးယူခံရဖွယ်ရှိနေ သည်။

ထို့ကြောင့် နော်တင်ဟမ် အသင်းက ဘဏ္ဍာရေးစည်းမျဉ်း ကို ကျော်ဖြတ်နိုင်ရန်အတွက် ဇွန် ၃၀ ရက်မတိုင်မီ ကစား သမားရောင်းချမှုမှ ဝင်ငွေရှာဖွေ ရမည်ဖြစ်ပြီး ဝင်ငွေမရရှိပါက လာမည့်နှစ်ရာသီအစ၌ ရမှတ် လျှော့ပြစ်ဒဏ်နှင့် ရင်ဆိုင်ရမည် ဖြစ်သောကြောင့် ကွင်းလယ် ကစားသမား အိုဒွိုင်းကို ပြန်လည် ရောင်းချရန် ဆုံးဖြတ်ထားကြောင်း သိရသည်။                             






သူရိန်






အခြားဆက်စပ်သတင်းများ