မေ ၂၇
ဘိုင်ယန်မြူးနစ်အသင်း သည် လာမည့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီတွင် နည်းပြ တူချယ်နေရာ၌ ဘန်လေအသင်း နည်းပြ ကွန်ပနီကို ခန့်အပ်ရန် ဆွေးနွေးမှုပြုလုပ်နေကြောင်း သိရသည်။
နည်းပြ ကွန်ပနီသည် ဘန်လေအသင်းကို ယခုနှစ် ဘောလုံးရာသီတွင် ပရီးမီးယား လိဂ်သို့ တန်းတက်အောင် ကြိုးပမ်းနိုင်ခဲ့သော်လည်း ပရီး မီးယားလိဂ်တွင် ပုံစံကောင်း ပြသနိုင်ရန် ရုန်းကန်ခဲ့ရပြီး အသင်းအနေဖြင့် ချန်ပီယံရှစ်သို့ တန်းဆင်းခဲ့ရသော်လည်း ဘိုင် ယန်မြူးနစ်အသင်းက နည်းပြ ကွန်ပနီကို အသင်းမှ ထွက်ခွာ မည့် တူချယ်၏ နေရာ၌ အစား ထိုးရန် စီစဉ်ထားခြင်းဖြစ်သည်။
ယခုနှစ် ဘောလုံးရာသီတွင် ဖလားလက်မဲ့ဖြစ်ခဲ့သည့် ဘိုင် ယန်မြူးနစ်အသင်းက မကြာ သေးမီကာလတွင် လေဗာကူ ဆင်အသင်း နည်းပြ အလွန်ဆို၊ ဂျာမနီအသင်းနည်းပြ နာဂျယ် စမန်း၊ ဩစတြီးယားအသင်း နည်းပြ ရန်းဂ်နစ်၊ ဇီဒန်းနှင့် မော်ရင်ဟိုတို့ အပါအဝင် နည်းပြ အများအပြားကို ချိတ်ဆက်ခဲ့ သော်လည်း အောင်မြင်မှုမရခဲ့ သောကြောင့် နည်းပြ တူချယ်၏ နေရာတွင် ဘန်လေအသင်း နည်းပြ ကွန်ပနီကိုသာ ခန့်အပ် နိုင်ရန် ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
သူရိန်