မေ ၂၇
ဝက်စ်ဟမ်သင်းသည် ခံစစ်ပိုင်းလိုအပ်ချက်အတွက် ဖလာမင်ဂိုအသင်းတွင် ခြေစွမ်း ပြကစားနိုင်သည့် ဘရူနိုကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၁၅ သန်းဖြင့် ကမ်းလှမ်းခဲ့ရာ ကနဦး သဘောတူညီမှုရရှိခဲ့ ကြောင်း သိရသည်။
ဖလာမင်ဂိုအသင်းသည် ကမ်းလှမ်းမှုကို လက်ခံခဲ့သော ကြောင့် ဝက်စ်ဟမ်းအသင်း တာဝန်ရှိသူများက ဘရူနို၏ ကိုယ်စားလှယ်နှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီး ကနဦး ပြောင်းရွှေ့ ကြေး ၁၂ သန်း ပေးချေ၍ ကစား သမား၏ စွမ်းဆောင်ရည်ပေါ် မူတည်ကာ အပိုဆုကြေးပေး သွားမည်ဖြစ်ပြီး နောက်ဆုံး အဆင့် သဘောတူညီမှုရယူနိုင် ရန် ကြိုးပမ်းလျက်ရှိသည်။
အသက် ၂၈ နှစ်အရွယ်ရှိ ခံစစ်ကစားသမား ဘရူနိုသည် ဗဟိုခံစစ်ပိုင်းတွင် ဘယ်၊ ညာ နှစ်နေရာ ပါဝင်ကစားနိုင်သည့် အတွက် ဝက်စ်ဟမ်းအသင်း၏ ခံစစ်ပိုင်းပြဿနာကို ဖြေရှင်းနိုင် မည်ဖြစ်သောကြောင့် အသင်း တာဝန်ရှိသူများက လာမည့် နွေရာသီ၌ ပထမဆုံး ကစား သမားသစ်ခေါ်ယူနိုင်ရန်ကြိုးပမ်း နေခြင်းဖြစ်သည် ။
ဝက်စ်ဟမ်းအသင်းသည် ပြီးခဲ့သည့် နွေရာသီက ဗဟိုခံစစ် ပိုင်းအတွက် အက်ဂွါကို ခေါ်ယူ အားဖြည့်ခဲ့သော်လည်း ကစား သမားအနေဖြင့် ဒဏ်ရာမကြာ ခဏ ရရှိနေသောကြောင့် ခံစစ်ပိုင်း မှာ လိုအပ်ချက်ရှိနေဆဲဖြစ်သည်။
သူရိန်