နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ဓာတ်အားပြတ်တောက်မှု မရှိဘဲ ဖြန့်ဖြူးပေးရန်လိုအပ်ရာ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံ များ ကြံ့ခိုင်ကောင်းမွန်စေရေး၊ ထိန်းသိမ်းပြုပြင်ခြင်းနှင့် ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးအတွက် ဝန်ထမ်းအားလုံး ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်သည်။

ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေး ရှင်းဥက္ကဋ္ဌသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များသို့ သွားရောက်၍ လျှပ်စစ်ဓာတ်အား ရရှိ၊ သုံးစွဲ၊ ပြတ်တောက်မှုများ၊ ထူးခြားဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးသည်။ ယင်းသို့ ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်များရှိ ဓာတ်အားလိုင်းများ အပြစ်ဖြစ်ပေါ်မှု အခြေအနေနှင့် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများ အဖွဲ့ ဖွဲ့စည်းလျက် ပြင်ဆင်ဆောင်ရွက်မှုနှင့် ပြည်သူတစ်ဦးချင်း ဓာတ်အားပြတ်တောက်မှု အခြေအနေအပေါ် ပြင်ဆင်ဆောင်ရွက် ပေးမှု ဓာတ်အားခွဲရုံများအတွင်း၊ အပြင် သန့်ရှင်းရေး၊ ခွဲရုံ ထရန်စဖော်မာများ လောင်ကျွမ်းမှုမဖြစ်ပေါ်ရေး မှာကြားခဲ့သည်။

လျှပ်စစ်ဓာတ်အား သုံးစွဲရာတွင် ပေါ့ဆမှု၊ အန္တရာယ်ရှိသော ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံများအနီး ရောက်ရှိမှုကြောင့် ဒဏ်ရာ ရရှိမှု၊ ဓာတ်လိုက်သေဆုံးမှု ကင်းဝေးစေ‌ရေး၊ မိဘပြည်သူများ သတိပြုရှောင်ရှားစေရန် မြို့နယ်၊ ရပ်ကွက်နေပြည်သူများ ဂရုပြု သင့်သည်။

လျှပ်စစ်ဓာတ်အား သုံးစွဲရာတွင် လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ခြင်း၊ လျှပ်စစ်ဓာတ်အားပမာဏ လွန်ကဲစွာဖြစ်ပေါ်ခြင်းနှင့် ချို့ယွင်း ပျက်စီးနေသော လျှပ်စစ်ကိရိယာများ သုံးစွဲခြင်းမှ အပူနှင့် မီးပွား များ ဖြစ်ပေါ်ခြင်းတို့ကြောင့် မီးလောင်မှုဖြစ်ပွားခြင်း၊ စံချိန်ညွှန်း ကိုက်ညီကောင်းမွန်သည့် လျှပ်စစ်ဝါယာကြိုးများ သုံးစွဲခြင်း၊ မီးအား မြှင့်စက် သုံးစွဲပါက အတင်/အချ သတိပြုရန်နှင့် မီးအားထိန်း ကိရိယာ ချို့ယွင်းပါက လဲလှယ်တပ်ဆင်ခြင်း၊ လျှပ်စစ်ပစ္စည်းများ ကို တပ်ဆင်သုံးစွဲရာတွင် မီးဒဏ်ခံနိုင်နေသာ နေရာတွင် တပ်ဆင် ရန်နှင့် မီးလောင်ကျွမ်းသော ပစ္စည်းများအနီးတွင် မထားရန်လိုအပ် သည်။

လျှပ်စစ်ဓာတ်အား သုံးစွဲသူများအနေဖြင့် ဟောင်းနွမ်းနေ သော လျှပ်စစ်ကြိုးများကို လဲလှယ်ခြင်း၊ လျှပ်စစ်ဒဏ်ခံကြိုးများ သတ်မှတ်သည့်စံနှုန်းအတိုင်း တပ်ဆင်ရန်နှင့် ခံနိုင်အားထက် ပိုမထည့်သွင်းရန်၊ လျှပ်စစ်မီးပူများ သုံးစွဲပြီးလျှင်၊ မီးပျက်လျှင် ခလုတ်ပိတ်ပြီး ပလပ်ခေါင်းဖြုတ်ရန်၊ ဝါယာရှော့ခ်ဖြစ်ပါက ပင်မ မိန်းခလုတ်ပိတ်ပြီး ခြောက်သွေ့သော အဝတ်၊ ပိတ်စတို့ဖြင့် ရိုက်ပုတ် ဖုံးအုပ်ငြှိမ်းသတ်ရန်၊ ချို့ယွင်းနေသော လျှပ်စစ်ပစ္စည်းကိရိယာများ ကို မသုံးစွဲရန် လျှပ်စစ်ဓာတ်အား သုံးစွဲသူများအနေဖြင့် ဆင်ခြင် လိုက်နာပူးပေါင်းကူညီရန် အသိပေးနှိုးဆော်ရပါကြောင်း။      






အခြားဆက်စပ်သတင်းများ