နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးဦးလေဦး သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် သဘာဝဘေးအဖြစ် များနေသောကာလဖြစ်သည်။ လူ့ပယောဂကြောင့်ဖြစ်သော ဘေးများကို မဖြစ်ပေါ်အောင်တားဆီး၍ ရကောင်းရမည်ဖြစ်သော် လည်း သဘာဝပယောဂကြောင့်ဖြစ်သော ဘေးများကို တားဆီး၍ ရနိုင်မည်မဟုတ်ပေ။ သဘာဝပယောဂကြောင့် ဘေးများအဖြစ် များလာပြီး ဘေးကြောင့် လူ့အသက်အိုးအိမ်စည်းစိမ်များ အခြေခံ အဆောက်အအုံနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးရှုံးမှုများလည်း ပိုမိုများပြားလျက်ရှိသည်။

အာဆီယံဒေသအတွင်းတွင် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ AHA Center မှ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ဇန်နဝါရီလမှ မေလအထိ နှိုင်းယှဉ်ချက်များတွင် ပြုစုထားရာ ၂၀၂၃ ခုနှစ်အတွင်း မြေငလျင်လှုပ်ရှားမှု၊ ရေကြီးရေလွှမ်းမိုးမှု၊ မြေပြိုခြင်း၊ မီးတောင် ပေါက်ကွဲမှု စုစုပေါင်း ၈၂၉ ကြိမ်ဖြစ်ပွားပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ငါးလတာကာလအတွင်း ၅၃၉ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊        သို့ဖြစ်ရာ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကြိမ်နှုန်း ပိုမိုများပြား လာသည်။ ယင်းအခြေအနေတွင် ဆိုးကျိုးအဖြစ်အများဆုံးမှာ ရေဘေးအန္တရာယ်ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း မကြာမီမိုး ရာသီရောက်ရှိမည်ဖြစ်ရာ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။

ယခုရက်ပိုင်းအတွင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးမှု        ဦးစီးဌာနမှ ထုတ်ပြန်ထားသော ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျား မည့်အခြေအနေမရှိ၊ အဝါရောင်အဆင့် သတ်မှတ်ထားသည်။ 

အားကောင်းသော မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်း ထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ် နိုင်သည်။ သို့ဖြစ်ရာ မေ၂၇ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ အနှံ့အပြားမိုးထစ်ချုန်းရွာခြင်း၊ အချို့နေရာများတွင် ဒေသအလိုက်နှင့်နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်သည်။

သဘာဝဘေးအန္တရာယ်လျော့ပါးရေးတွင် ကြိုတင်ပြင်ဆင်ခြင်း သည် အကောင်းဆုံးနည်းလမ်းဖြစ်ရာ ဘေးအန္တရာယ်စီမံခန့်ခွဲမှု စက်ဝန်းပါ အန္တရာယ်ဖြစ်နိုင်ခြေလျှော့ချခြင်း၊ ကြိုတင်အသင့် ပြင်ဆင်ခြင်း အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်းဟူ သည့် ကြိုတင်ပြင်ဆင်ခြင်းဖြင့် ထိခိုက်မှုလျော့နည်းပြီး ထောက်ပံ့မှု များလည်း မြန်ဆန်ထိရောက်မည် ဖြစ်သည်။

သဘာဝဘေးအန္တရာယ်များအနက် မုန်တိုင်းနှင့်ဆူနာမီရေလှိုင်း တို့ကို ကြိုတင်ခန့်မှန်းတွက်ချက်နိုင်ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုနည်း နိုင်သမျှ နည်းပါးအောင် ကာကွယ်နိုင်မည်ဖြစ်ရာ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အသိပေးကြေညာချက်များကို သတိပြုလိုက်နာဆောင်ရွက်စေချင်ကြောင်း။






အခြားဆက်စပ်သတင်းများ