နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လယ်ယာမြေသွင်းအားစုများ

မျက်မှောက်ကာလတွင် ပြောင်းလဲလာသော ခေတ်စနစ်နှင့် အညီ ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲဖော်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိသည်၊ နိုင်ငံတော်အစိုးရက စိုက်ပျိုးရေးကို အလေးထားအားပေးနေခြင်းကြောင့် တောင်သူလယ်သမားတို့၏ လူမှုဘဝရှင်သန်ရပ်တည်မှုသည် တိုးတက်ကောင်းမွန်လာသည်။

ကျေးလက်နေပြည်သူများ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှသာ ကျေးလက်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ယခုအခါ ဘက်ပေါင်း စုံမှ တောင်သူဦးကြီးတို့အတွက် သွင်းအားစုများကို ပံ့ပိုးပေးလျက် ရှိသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားဦးကြီး များသို့ စိုက်ပျိုးစရိတ်အရင်းအနှီးများရရှိစေရေးအတွက် စိုက်ပျိုး စရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိသည်။

တောင်သူလယ်သမားကြီးများကလည်း သီးနှံပေါ်ချိန်တွင် ချေးငွေများ အချိန်မီပြန်လည်ပေးဆပ်ခြင်းဖြင့် လယ်ယာကဏ္ဍာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ်နှင့်တောင်သူဦးကြီးများအကြား နှစ်ဦးနှစ်ဖက်တာဝန်ကျေပွန်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးရာသီအလိုက် ထုတ်ချေး ပေးလျက်ရှိရာ တောင်သူဦးကြီးများအနေဖြင့် အချိန်စေ့ချေးငွေပြေ ကျေမှသာ (ယခင်ကြွေးကျန်ကင်းရှင်းမှသာ) ချေးငွေအသစ်ထုတ် ချေးခွင့်ရရှိမည် ဖြစ်သည်။

ယခင်ချေးငွေများ ပြေကျေစွာပေးဆပ်ပြီးသည့် တောင်သူ လယ်သမားဦးကြီးများအနေဖြင့် ၂၀၂၄ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ အချိန်မီရရှိနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်၊ သက်ဆိုင်ရာခရိုင်၊ မြို့နယ်ဘဏ်ခွဲများနှင့် အမြန်ဆုံးဆက် သွယ်နိုင်ကြပြီဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အသိပေးကြေညာထားသည်။

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံ တော်၏ စေတနာကိုတန်ဖိုးထားပြီး ရိုးရိုးသားသားကြိုးကြိုးစားစား ဖြင့် ရှာဖွေလုပ်ကိုင်ကြပြီး မိမိတို့ချေးငွေများကိုလည်း မှန်မှန် ကန်ကန်ပေးဆပ်ကာ မိမိတို့၏ဘဝကို ဖန်တီးယူကြရမည်ဖြစ်သည်။

မိမိတို့နိုင်ငံသည် သဘာဝသယံဇာတ၊ ရေသယံဇာတပေါ ကြွယ်ဝမှု၊ စိုက်ပျိုးရေးအတွက် သဘာဝမှ ပေးသည့် အခြေအနေ ကောင်းများဖြင့် ရိုးသားကြိုးစားသော၊ တောင်သူလယ်သမားတို့၏ အင်အားဖြင့် လယ်ယာကဏ္ဍကြီး ဖွံ့ဖြိုးတိုးတက်အောင် အားကြိုး မာန်တက်စွမ်းဆောင်ခြင်းဖြင့် တောင်သူလယ်သမားဦးကြီးတို့၏ တိုးတက်စေချင်ကြောင်း။






အခြားဆက်စပ်သတင်းများ