နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စနစ်တကျ အမှိုက်စွန့်စေချင်

ရန်ကုန်မြို့မြစ်ချောင်းနှင့်နီးသော အနိမ့်ပိုင်းရပ်ကွက်များတွင် ဒီရေတက်ချိန်နှင့်မိုးရွာချိန်များတွင် ရေမြောင်းများမှရေများသည် မြစ်ထွက်ပေါက်သို့ မထွက်နိုင်ဘဲအထက်ရေနှင့် အောက်ရေဆုံကာ ရေစီးဆင်းမှုအားနည်းခြင်းကြောင့်  ရေလျှံမှုဖြစ်ပေါ်ရခြင်းကို  ကမ်းနားနေ အများပြည်သူများ ကြုံတွေ့ခံစားရသည်။

 ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင် များနှင့်ဌာနမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁၆/၂၀၂၄) ကို မေ ၂၃ ရက်က ရန်ကုန်မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ (၄) ၌ ကျင်းပရာ "မြို့တော်ဝန်ဦးဗိုလ်ဌေးက မကြာမီ ကျောင်းများဖွင့်လှစ််််််််််မည်ဖြစ်သဖြင့် ကျောင်းပတ်ဝန်းကျင် သာယာလှပ‌စေရန်နှင့် ကျောင်းအဆောက်အဦ  ဥပဓိရုပ်ကောင်းမွန် စေရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်၊ မိုးရာသီအတွင်း ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး မြစ်ထွက်ပေါက် များ၊ မြေအောက်ရေမြောင်းများ၊ ရေနုတ်မြောင်းကြီးများ၊ လမ်း ဖြတ်မြောင်းများ၊ ရေဆင်းနှာပေါက်များအတွင်းရှိ အမှိုက်၊ နုန်း၊ သဲ၊ခဲများကို စဉ်ဆက်မပြတ် ဆယ်ယူရှင်းလင်းဆောင်ရွက်သွားရန် အများပြည်သူများ အမှိုက်များကိုစနစ်တကျ စွန့်ပစ်စေရေး ပညာ ပေးဆောင်ရွက်ရန်" မှာကြားခဲ့သည်။

မိုးရာသီတွင် ရေကြီးရေလျှံမှုလျော့ပါးစေရေးအတွက် ရေမြောင်း များမှ ရေများမြန်ဆန်စွာစီးဆင်းနိုင်ရေး စည်းကမ်းမဲ့စွန့်ပစ်ထား သော အမှိုက်များက အဟန့်အတားပြုနေသည်။ အထူးသဖြင့် ရေပြည့်ရေလျှံရက်များတွင် မြောင်းများမှရေဆိုး၊ ရေညစ်များနှင့် အတူ ပလတ်စတစ်အိတ်၊ ဘူးခွံစသည့်အမှိုက်မျိုးစုံ လမ်းပေါ်လျှံ ထွက်လာတတ်သည်။ အမှိုက်စွန့်ပစ်သူ မြို့တော်သူ၊ မြို့တော်သား များအနေဖြင့် စနစ်တကျအမှိုက်စွန့်ပစ်မှု အားနည်းနေသည်။

မြို့ပြတွင်စီးပွားရေး၊ လူမှုရေး၊ ပညာရေး အခွင့်အလမ်းရှိ သကဲ့သို့ မြို့တော်သူမြို့တော်သား  မိမိတို့အိမ်ထောင်စုမှထွက်ရှိသော အမှိုက်ကို သတ်မှတ်အမှိုက်ပုံးများတွင် စနစ်တကျစွန့်ပစ်ရမည် ဟူသော စည်းကမ်းကိုလိုက်နာကျင့်ကြံအားထုတ်သင့်သည်။ လူ တို့စွန့်ထုတ်သော ရေဆိုးများနှင့်ရေမြောင်းများအတွင်း အမှိုက်များ စွန့်ပစ်မှုကြောင့် ရေမြောင်းများပိတ်ဆို့မှုများကို သက်ဆိုင်ရာဌာန သာမက ပြည်သူလူထုအားဖြင့် ပူးပေါင်းဆောင်ရွက်သင့်သည်။

 သို့ဖြစ်ရာ ရန်ကုန်မြို့တော်သူ၊ မြို့တော်သားများအနေဖြင့် သတ်မှတ်နေရာ၊ သတ်မှတ်အမှိုက်ကန်များတွင် စည်းကမ်းတကျ အမှိုက်များကို စွန့်ပစ်စေချင်ကြောင်း။     






အခြားဆက်စပ်သတင်းများ