နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောင်းနေအရွယ်တိုင်း ကျောင်းအပ်နှံ

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက်   ကျောင်းအပ်နှံရေး သီတင်းပတ်သည် ယနေ့ မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်အထိ ဖြစ်ရာ သားသမီးတို့ပညာသင်နှစ်အစ မိဘတို့ကကျောင်းအပ်နှံ လျက်ရှိသည်။ " ကျောင်းနေအရွယ်ကလေးအားလုံးအခြေခံပညာ သင်ယူဖို့‌ ကျောင်းအပ်နှံကြပါစို့" ဟူသော ပညာရေးဝန်ကြီးဌာနက နှိုးဆော်ထားသည်။

 ပညာရေးဝန်ကြီးဌာန၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အခြေခံ ပညာကျောင်းများတွင် ကျောင်းအပ်နှံရေးအစီအစဉ်ဆိုင်ရာသိရှိရန် အချက်များကို နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြလျက်ရှိရာ ကျောင်း လခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာ ကြေးနှင့် စာကြည့်တိုက်ကြေးအပါအဝင် မည်သည့်အခကြေးငွေ ကိုမျှ လုံးဝမကောက်ခံပါဟုဖော်ပြထားသည့်အပြင် သင်ရိုးသစ် ဖတ်စာအုပ်များ၊ ဗလာစာအုပ်၊ စာရေးကိရိယာများနှင့်ကျောင်းဝတ် စုံစသည့်တို့ သူငယ်တန်းမှသည် ဒ္ဓါဒသမတန်းအထိ အခမဲ့ထောက်ပံ့ သွားမည်ဖြစ်ကြောင်း အရေအတွက်များနှင့်ဖော်ပြထားသည်။

 ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့်အရာထမ်းအမှုထမ်း များ အားလုံးသိရှိလိုက်နာရမည့်အချက်များအဖြစ် မည်သည့်အခ ကြေးငွေမျှကောက်ခံခြင်း၊ လက်ခံခြင်းမပြုရန်၊ ငွေကြေးလက်ဆောင် ပစ္စည်းတစ်စုံတစ်ရာလက်ခံခြင်းမပြုရန် ၊ အတန်းတံဆိပ်၊ ကျောင်း တံဆိပ်နှင့်အခြားမည်သည့် ပစ္စည်းကိုမျှရောင်းချခြင်း မပြုရန် တားမြစ်ထားပြီး ၊ မိဘအုပ်ထိန်းသူ၊ ပြည်သူများကိုလည်း မြို့နယ် အလိုက်သတ်မှတ်နယ်မြေတွင်သာ ကျောင်းအပ်နှံကြပါရန် ငွေ ကြေး၊ သို့မဟုတ်လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား ပေးအပ်ခြင်းမပြုရန်မေတ္တာရပ်ခံ ထားသည်။

 ကျောင်းအပ်နှံခြင်းအတွက် ငွေကြေးတစ်ပြားတစ်ချပ်မျှ ကုန်ကျမှုမရှိစေရန် နိုင်ငံတော်ကစီမံဆောင်ရွက်ပေးခြင်းဖြစ်သည်။ ကျောင်းနေအရွယ် သားငယ်၊ သမီးငယ်တို့၏ မိဘအုပ်ထိန်းသူတိုင်း မိမိတို့၏ကလေးများကို ကျောင်းသို့မဖြစ်မနေလာရောက်အပ်နှံနိုင် ကြစေရန် အဓိကရည်ရွယ်ရင်းဖြစ်သည်။

နိုင်ငံတော်က ဖော်ဆောင်ပေးထားသည့် ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများကို ကောင်းစွာအသုံးချကာ သားသမီးတို့၏ အနာဂတ်ဘဝခရီးဖြောင့်တန်းစေရန် အမိ၊ အဖတို့က အလေးထား ဆောင်ရွက်ရန်လိုအပ်သည်။ ပညာသင်ကြားရမည့်အရွယ်တွင် ပညာကို အပတ်တကုတ်ကြိုးစားကာ ဘဝရည်မှန်းချက်ပန်းတိုင်ကို မရောက်ရောက်အောင် ဇွဲ၊ လုံ့လ၊ ဝိရိယ၊ဉာဏ်ပညာတို့ဖြင့် လျှောက်လှမ်းရမည်ဟု ဆိုချင်ပါကြောင်း။      






အခြားဆက်စပ်သတင်းများ