ကဆုန်လပြည်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ ထူးကဲအမွန်မြတ် ဆုံးနေ့တစ်နေ့ဖြစ်သည်။ ကဆုန်လပြည့်ဗုဒ္ဓနေ့ဖြစ်သည်။ ကဆုန် လပြည်နေ့တွင် ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ ပူဇော်ထိုက်သည့် ဖြစ်စဉ်လေးရပ်ရှိသောကြောင့်ဖြစ်သည်။
မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့်သောကြာနေ့တွင် ဘုရားအလောင်းတော်ကို ဖွားမြင်ခြင်း၊ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် သဗ္မညုတဉာဏ်တော်ကိုရ၍ ဘုရား အဖြစ်သို့ရောက်တော်မူခြင်း၊ မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန် လပြည့်အင်္ဂါနေ့တွင် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း ဟူသော အကြောင်းများကြောင့် ဗုဒ္ဓဘာသာဝင်တို့အဖို့ ကဆုန်လ သည် လတကာတို့ထက်အလေးအနက် အမွန်အမြတ်ပြုရာလဖြစ် သည်။
မြတ်ဗုဒ္ဓနှင့်သက်ဆိုင်သော ထူးကဲမွန်မြတ်သောနေ့ကောင်း ရက်မြတ်တို့အတွက် အထွက်အမြတ်ဖြစ်သော ကဆုန်လပြည့်ဗုဒ္ဓ နေ့ဟု သတ်မှတ်ခေါ်ဝေါ်ပူဇော်ကြသည်။ ကဆုန်လသည် ရှေးအစဉ် အဆက်ကာလကတည်းက လတကာတို့တွင် အပူပြင်းဆုံးလဖြစ် သလို မျက်မှောက်ကာလတွင် အပူဆုံးလစံချိန်ကို ထိန်းထားဆဲဖြစ် သည်။
မည်သို့သော အပူချိန်ပြင်းထန်သည်ဖြစ်စေ ထေရဝါဒဗုဒ္ဓ ဘာသာဝင် မြန်မာအပေါင်းတို့သည် မြတ်ဗုဒ္ဓဂုဏ်တော်ကို ရည်မှန်း ၍ ရေစင်ရေချမ်းဖြင့် ပရိဘောဂစေတီ မဟာဗောဓိညောင်ပင်တို့ကို သွန်းလောင်းပူဇော်ကြသည်။ အေးချမ်းသာယာမှုကို ရယူ ဆောင်ကြဉ်း ကြသည်။
ဗုဒ္ဓ၏လမ်းစဉ်သည် အကြမ်းဖက်မှုကင်းသော ငြိမ်းချမ်းရေး မေတ္တာ၊ ကရုဏာထားသော သည်းခံမှု၊ နားလည်မှုရှိသော အမှန် တရားကိုစွဲကိုင်၍ ဉာဏ်ပညာနှင့်ပြည့်စုံသော သက်ရှိသတ္တဝါ အားလုံးအပေါ် ညှာတာထောက်ထားသာ တစ်ကိုယ်ကောင်းစိတ် ထားနှင့်မုန်တီးအမျက်ပွားခြင်း၊ အကြမ်းဖက်ခြင်းတို့မှ လုံးဝကင်း ရှင်းသောလမ်းစဉ်ဖြစ်သည်။
ယနေ့ကမ္ဘာကြီးကား အရှုပ်အထွေးများနှင့်ပြည့်နေသည်။ မြန်မာမှာလည်း မငြိမ်းချမ်း၊ အထွေထွေအကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည်။ နိုင်ငံသားအားလုံး ပူပြင်းသောနွေအပူနှင့်အကျပ် အတည်းများအောက်မှ မပျောက်ရန် ပရိဘောဂစေတီကို ရည်မှန်း ၍ ဗောဓိညောင်ပင်ရင်းတွင် ရေသွန်းလောင်းကြရာ ငြိမ်းချမ်းရေး အတွက် အောင်နိမိတ်ယူပြီး ဗုဒ္ဓ၏ဓမ္မတရားများဖြင့် ငြိမ်းချမ်ရေး ကို အောင်နိုင်ကြမည်ဟု ခံယူလျက် ကမ္ဘာတစ်ခွင်အေးချမ်းသာယာ ဝပြောမှုအပေါင်းတို့ကို ဆောင်ကြဉ်းလာနိုင်မည်ဟု ယုံကြည်ပါ ကြောင်း။