နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆေးဝါးအလှူ တိုးမြှင့်ဆောင်ရွက်

ကျွန်ုပ်တို့နိုင်ငံတွင် အခမဲ့ဆေးဝါးကုသပေးမှုများ တိုးပွားလာ လျက်ရှိသည်။ နေရေး၊ စားရေးထက် ဆေးဖိုးမရှိပါက မသက်သာ သည့်အဆုံးရောက်မှသာ ဆေးရုံ၊ ဆေးခန်းသွားကြရသည်။ ဤသည်မှာ အခမဲ့ဆေးဝါးကုသပေးမှုများ လိုအပ်နေကြောင်း ထင်ရှား  သကဲ့သို့  ရာခိုင်နှုန်း ၇၀ သော ကျေးလက်နေပြည်သူများနှင့် ဆင်းရဲသားပြည်သူများက အခမဲ့ဆေးကုသပေးခြင်းကို ကြိုဆို လျက်ရှိသည်။

ဆေးဝါးများ လှူဒါန်းခြင်း၊  အခမဲ့ဆေးကုသပေးခြင်းနှင့် ကျန်းမာရေးနှင့်ပတ်သက်သော  အသိပညာဗဟုသုတများ ‌ဟောပြောပို့ချခြင်းတို့သည် ဆေးအလှူများဖြစ်သည်။ ဆေးလှူဒါန်း ခြင်းအလုပ်သည် အမွန်မြတ်ဆုံးသော အလုပ်၊ အမွန်မြတ်ဆုံးသော ဒါနဖြစ်သည်။

လူတစ်ကိုယ်တွင် ကျန်းမာရေးသည် အရေးအကြီးဆုံးဖြစ်သည်။ လူတွင် ကျန်းမာရေးထက် အရေးကြီးသော အရာမရှိနိုင်ပါ။ အခမဲ့ ဆေးဝါးကုသပေးခြင်းကို နိုင်ငံတော်အပိုင်းကသာမက တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့များ၊ ပုဂ္ဂလိက လူမှုရေးအဖွဲ့အစည်းများက လည်း ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လျက်ရှိသည်ကို သတိပြုမိသည်။

အထူးသဖြင့် ပုဂ္ဂလိက လူမှုရေးအဖွဲ့အစည်းများက အခမဲ့ ဆေးဝါးကုသပေးမှုများ တိုးပွားလာလျက်ရှိသည်။ မျက်စိစမ်းသပ် ပေးခြင်း၊ မျက်မှန်တပ်ဆင်ပေးခြင်း၊ မျက်မှန်များ အခမဲ့တပ်ဆင်ပေး ခြင်း၊ သွားနှင့်ခံတွင်း စစ်ဆေးပေးခြင်း၊ အခြားသော နာတာရှည် ရောဂါများကိုလည်း ကွင်းဆင်းကုသပေးလျက်ရှိသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ (ဗဟို)၏ ကြီးကြပ်မှုဖြင့် တတိယအကြိမ် အခမဲ့ မျက်စိစမ်းသပ်စစ်ဆေးခွဲစိတ်ကုသမှုကို ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ (ဟိန္ဒူ) က ပံ့ပိုးလှူဒါန်းပြီး ဗဟိုအထောက်အကူ ပြု အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့က စီစဉ်ကြီးကြပ် ဆောင်ရွက်ခဲ့ သည်။ တတိယအကြိမ် မျက်စိအလင်းရရှိနိုင်ရေးအတွက် မျက်စိ ဝေဒနာရှင် ၁၄၄ ဦးကို တောင်ဒဂုံမြို့နယ်၊ ရတနာမျက်စိဆေးရုံ၌ မေ ၉ ရက်က စမ်းသပ်စစ်ဆေး၍ ခွဲစိတ်ကုသမှုခံယူရမည့် မျက်စိ ဝေဒနာရှင် ၅၄ ဦး ရှိခဲ့သည်။

ဤသို့ အခမဲ့‌ဆေးဝါးကုသပေးမှုများ ပေါ်ပေါက်လာခြင်းသည် ပြည်သူလူထုအတွက် ဝမ်းမြောက်စရာပင် ဖြစ်သည်။ ထို့ကြောင့် ပြည်သူများ၏ ကျန်းမာ‌ရေးအဆင့်အတန်း တိုးတက်လာစေရန် အခမဲ့‌ဆေးဝါးကုသမှုများ ဆေးအလှူများကို တိုးမြှင့်ဆောင်ရွက် စေချင်ကြောင်း။     ‌






အခြားဆက်စပ်သတင်းများ