နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အပူဒဏ်နှင့်သဘာဝဘေးအန္တရာယ်

မိုးကြိုကာလမေလသို့ရောက်လာသည်နှင့်  မြန်မာနိုင်ငံအနှံ့အပြား၊ လေပြင်းတိုက်ခတ်မှုနှင့်မိုးကြိုးဘေးအန္တရာယ်ကြောင့် လူနှင့်ကျွဲနွား၊ တိရစ္ဆာန်သေဆုံးမှု သတင်းများကြားသိနေရသည်။ ကမ္ဘာ့ရာသီ ဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုများ အကြိမ်ရေနှင့်မြင့်တက်လျက်ရှိရာ မိုးကြိုးဘေးအန္တရာယ်သည်လည်း မြင့်မားလျက်ရှိသည်။ မိုးကြိုးကြောင့် မြန်မာနိုင်ငံတွင် လူ ၁၀၀ ကျော် သေဆုံးကြရသည်။

 အမေရိကန်နိုင်ငံမြောက်ပိုင်း၊ ဥရောပဒေသမြောက်ပိုင်းနှင့် ကနေဒါတို့တွင် မေ ၁၁ ရက်က  မုန်တိုင်းတိုက်ခတ်မှုကြောင့် ထူးခြားသည့် အလင်းရောင်တန်းများဖြစ်ပေါ်ခဲ့ကြောင်း အမေရိကန် အာကာသမိုးလေဝသခန့်မှန်းရေးစင်တာက ပြောကြားခဲ့သည်။ နေမုန်တိုင်းတိုက်ခတ်ရာမှထွက်လာသည့် ပြင်းထန်သည့် မီးတောက် များကြောင့် လာမည့်ရက်အနည်းငယ်အတွင်း ကမ္ဘာတစ်ဝန်း ဆက်သွယ်ရေးဂြိုဟ်တုများ တည်နေရာဖော်ပြစနစ်များနှင့်လှိုင်းတို ရေဒီယိုစနစ်များကို အနှောင့်အယှက်ဖြစ်စေနိုင်သည်ဟု ပြောကြား သည်။

 ယခုကဲ့သို့ အပူချိန်လွန်ကဲမှုကာလတွင် အထူးသတိပြုရမည်မှာ နေရောင်ခြည်အပူချိန်နှင့်တွဲလျက် ခရမ်းလွန်ရောင်ခြည်လွန်ကဲနေမှု ကို သတိထားရမည်ဖြစ်သည်။ ခရမ်းလွန်ရောင်ခြည်သည်လိုသည် ထက် ပိုများလျှင်လူတို့၏ ကျန်းမာရေးကိုထိခိုက်နိုင်သဖြင့် သတိပြု ရခြင်းဖြစ်သည်။

 အထူးသဖြင့် နေ့စဉ်အပူချိန်အမြင့်ဆုံးဖြစ်သည့် မွန်းတည့်ချိန် တွင် သတိထားရမည်ဖြစ်သည်။ အပြင်ထွက်လျှင် အကာအကွယ် အရိပ်ရှာသွားကြရန်နှင့်အကာအကွယ်မပါဘဲ နေပူထဲသို့မထွက်ကြ ရန်လိုအပ်သည်။ ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ရန်အတွက် ထီး၊ ဦးထုပ်ဆောင်းခြင်း၊ နေ့လယ်ခင်းရေမချိုးခြင်း၊ အရက်သေစာ မသောက်စားခြင်း၊ အဝတ်အစားလက်ရှည်၊ နေရောင်ကာမျက်မှန် တို့ကို အသုံးပြုခြင်းဖြစ်သည်။

 အနောက်တောင်မုတ်သုံလေဝင်ရောက်စအချိန်တွင် မိုးကြိုးလျှပ်စီး ကို ဖြစ်ပေါ်စေသည့် မိုးတိမ်တောင်များဖြစ်ပေါ်ခြင်းကြောင့် မိုကြိုး အန္တရာယ်ကိုလည်း သတိပြုကြရမည်ဖြစ်သည်။ အပူဒဏ်ကာကွယ် ရန်အတွက် မိမိတို့၏ကျန်းမာရေးကို မိမိတိုကိုယ်တိုင်စောင့်ရှောက် ရန်နှင့် သဘာဝဘေးအန္တရာယ်ဖြစ်စေသည့် မိုးကြိုးအန္တရာယ်ကိုလည်း သိနားလည်ထားခြင်း၊ ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများကို လေ့လာမှတ်ထားခြင်းဖြင့် ဘေးအန္တရာယ်များမှ လွတ်ကင်းနိုင်ကြပါ စေကြောင်း။    






အခြားဆက်စပ်သတင်းများ