ရာသီဥတုပြောင်းလဲဖောက်ပြန်မှုဖြစ်ရပ်များကို နိုင်ငံတကာ သတင်းများတွင် တွေ့မြင်နေရသည်။ ကမ္ဘာကြီးပူနွေးလာခြင်းနှင့် ဆက်စပ်၍ ကမ္ဘာ့ဒေသအနှံ့အပြားတွင် ပုံမှန်မဟုတ်သောအစွန်းရောက် ရာသီဥတုဖြစ်စဉ်များဖြစ်ပေါ်လျက်ရှိရာ မိုးသည်းထန်စွာ အဆက် မပြတ်ရွာသည့်ဒေသများတွင် ရွာသွန်းနေပြီး ပူပြင်းခြောက်သွေ့ မိုးခေါင်နေသည့်ဒေသများလည်းရှိနေသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း ဘရာဇီးနိုင်ငံတောင်ဘက် ရီယို ဂရန်ဒီဒိုဆာပြည်နယ်၌ မုန်တိုင်းတိုက်ခတ်မှုနှင့်ရေကြီးရေလျှံမှုများ ကြောင့် သေဆုံးမှု ၉၀ အထိရှိလာကြောင်း မေ ၈ ရက်က ဆင်ဟွာ သတင်းဌာနက ဖော်ပြထားသည်။
ရာသီဥတုပြောင်းလဲဖောက်ပြန်မှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတို့သည် ဒုတိယထောင်စုနှစ်သို့ ကူးပြောင်းချိန်တွင် ကမ္ဘာကြီးကို သိသာထင်ရှားစွာ ခြိမ်းခြောက်လာသည့် ပြဿနာဖြစ် သည်။ ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုကြောင့် သဘာဝပတ်ဝန်း ကျင် ထိခိုက်ခြင်းနှင့်လူသားတို့အတွက် သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းစေခြင်း၊ သီးနှံအဖျက်ပိုးများ ပေါက်ပွားနှုန်းမြင့်မားလာစေ ခြင်း၊ ဇီဝမျိုးစိတ်မျိုးသုဉ်းပျောက်ကွယ်ခြင်း၊ လူသားတို့ကျန်းမာရေး ကို ထိခိုက်စေသည့် ပိုးမွှားများပေါက်ပွားရာဒေသများ ကျယ်ပြန့် လာခြင်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းတို့မှ စားနပ်ရိက္ခာထုတ်လုပ်မှု ကို ထိခိုက်စေခြင်းစသည့် အကျိုးသက်ရောက်မှုများဖြစ်ပေါ်လာစေ ခြင်းကြောင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ဟန့်ထားတိုက်ဖျက်ရန် လူသားထုတစ်ရပ်လုံး၏ တာဝန်ဖြစ်သည်။ ကမ္ဘာကြီးကို လွှမ်းခြုံ ထားသည့် လေထုထဲတွင် နိုက်ထရိုဂျင် ၇၈ ရာခိုင်နှုန်း၊ အေက်ဆီဂျင် ၂၁ ရာခိုင်နှုန်းနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်း၊ အာဂွန်၊ နိုက်ထရပ် အောက်ဆိုဒ်အစရှိသော အခြားဓာတ်ငွေ့များက ၁ ရာခိုင်နှုန်းခန့်သာ ပါဝင်ပြီး ကမ္ဘာကြီး၏သင့်တင့်မျှတသော အပူချိန်နှင့်လူ၊ အပင်၊ သတ္တဝါများ၏ ရှင်သန်မှုတို့က လေထုထဲရှိ ဓာတ်ငွေ့များ၏ မျှခြေပေါ် တွင် မူတည်သည်။
နိုင်ငံတော်၏စိုက်ပျိုးထုတ်လုပ်မှုကို တိုးတက်မြင့်မားစေရေး အတွက် လယ်ယာကဏ္ဍတွင် အဓိကလိုအပ်ချက်ဖြစ်သော စိုက်ပျိုး ရေ လုံလောက်စွာရရှိရေးသည် လွန်စွာအရေးပါသဖြင့် မြေပေါ်ရေ အရင်းအမြစ်မလုံလောက်သောနေရာများတွင် မြေအောက်ရေကို ထုတ်ယူသုံးစွဲလျက်ရှိသည်။ သဘာဝလက်ဆောင်ကောင်းများကို စနစ်တကျ ထုတ်ယူသုံးစွဲ၍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာမှု နှင့်အတူ ဒေသခံတောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝတိုး တက်လာမည်ဖြစ်သကဲ့သို့ အစိမ်းရောင်စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံဖြိုးတိုးတက်လာမည်ဟုဆိုချင်ပါကြောင်း။