နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စေတနာ့ဝန်ထမ်း လူငယ်များကြိုးပမ်း

သဘာဝဘေးကို ကြိုတင်တွက်ဆ၍ကာကွယ်ရေး၊ စောင့်ရှောက် ရေးအစီအမံများ စနစ်တကျပြုလုပ်ပေးနိုင်ရေး သဘာဝဘေးကျ ရောက်ခြင်းမှ ကယ်ဆယ်ရေးနှင့်ကူညီစောင့်ရှောက်ရေးလုပ်ငန်းများ ကို ထိရောက်စွာလျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရေး သဘာဝဘေးမှ ကာကွယ်စောင့်ရှောက်ရေးကော်မတီအဖွဲ့ကို  ဖွဲ့စည်းထားပြီဖြစ် သည်။

ကြက်ခြေနီဆိုသည်မှာ စေတနာ့ဝန်ထမ်းများဖြစ်သည်။ မည်သည့်အချိန်၊ မည်သည့်နေရာသို့ရောက်ရှိနေသည်ဖြစ်စေ ကြုံတွေ့ ကြရသည့် လူသားများ၏ဆင်းရဲဒုက္ခသောကဝေဒနာများကို ဂရုဏာ စိတ်ထားများဖြင့် ရိုင်းပင်းကူညီစောင့်ရှောက်ပေးသည့် သန့်စင်မွန်မြတ် သော မေတ္တာတရားများထားရှိကြသည့် ပုဂ္ဂိုလ်များတွင် ကြက်ခြေနီ မောင်မယ်များသည် ရှေ့တန်းမှပါဝင်ကြသည်။

 သဘာဝပတ်ဝန်းကျင်အခြေအနေအရပ်ရပ်ကြောင့် ဖြစ်ပေါ်လာ သော ဘေးအန္တရာယ်များကြားတွင် လူသားတို့၏အသက်အန္တရာယ် ကို မထိခိုက်စေရန်အတွက် မိမိတို့တတ်စွမ်းသမျှ အသိပညာအတတ် ပညာဖြင့် အရေးပေါ်ကူညီဆောင်ရွက်ခြင်းသည် ကြက်ခြေနီဟူသော စေတနာ့ဝန်ထမ်းများဖြစ်သည်။ အကြင်နာလက်၊ အပြုံးမျက်နှာဖြင့် ကိုယ့်ကျိုးစွန့်လွှတ်ကာ အများအကျိုးသယ်ပိုးထမ်းဆောင်ကြသည့် စေတနာ့ဝန်ထမ်းများဖြစ်သည်။

 ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်မှုအကြိမ်ရေ ပိုမိုများပြားလာပြီး ပိုမိုပြင်းထန်လာသည်။ မိမိ တို့နိုင်ငံတွင်လည်း ပထဝီအနေအထားအရ သဘာဝဘေးအန္တရာယ် ကျရောက်မှု အလားအလာမြင့်မားလာသည့်နိုင်ငံများထဲတွင် ပါဝင် လျက်ရှိသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာနသည် စေတနာ့ဝန်ထမ်းလူငယ်များအတွက် သင်တန်းများပို့ချခဲ့ သည်။ မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်စေရန် ဆင်းရဲချမ်းသာ မရွေး၊ ပညာတတ်၊ မတတ်မရွေး၊ လူတန်းစားမရွေး၊ လူငယ်လူရွယ်များ ၏  လုပ်ဆောင်ချက်အခန်းကဏ္ဍများသည်အရေးကြီးကြောင်း ပညာရေး ဝန်ကြီးဌာနက ဘက်စုံ လူရည်ချွန်စီမံကိန်း၊ ကင်းထောက်လူငယ် စီမံကိန်းနှင့်ထူးချွန်ကြက်ခြေနီစီမံကိန်းတို့ကို အကောင်အထည်ဖော် နေသည်။

နိုင်ငံ၏အခြေအနေအရ သဘာဝဘေးကျရောက်ဖြစ်ပေါ်လာပါက တုံ့ပြန်နိုင်သော  စွမ်းအားတစ်ရပ်အနေဖြင့်သော်လည်းကောင်း လူသားချင်းစာနာမှု၊ လူမှုကရုဏာလုပ်ငန်းများ စဉ်ဆက်မပြတ်ရှင်သန် ဖြစ်ထွန်းစေရေးအတွက် လူငယ်များ၏တက်ကြွသည့် အားမာန်၊ ထက်သန်သည့်စေတနာတို့ဖြင့် ပါဝင်ဆောင်ရွက်ကြရေး ဝိုင်းဝန်း    ပူးပေါင်းစွမ်းဆောင်စေချင်ကြောင်း။     






အခြားဆက်စပ်သတင်းများ