နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချင်းပြည်နယ်၊ တီးတိန်မြို့၊ လွယ်တွာလ်းရပ်ကွက်၊ ကမ်းဟောက်လမ်းတွင် ယာဉ်တိုက်မှု

တီးတိန် ဇူလိုင် ၂


 ဇွန် ၂၉ ရက်၊ နံနက် ၁၀ နာရီခွဲအချိန်ခန့်၊ ချင်းပြည်နယ်၊ တီးတိန်မြို့၊ လွယ်တွာလ်းရပ်ကွက်၊ ကမ်းဟောက်လမ်းရှိ (Equal Company)မှ ယာဉ်မောင်း ဦးရဲဝင်းဇော် မောင်းနှင်သော ယာဉ်အမှတ် (7I-xxxx) DYNA (အဖြူရောင်) လုပ်ငန်းသုံးရေသယ်ယာဉ်သည် လမ်းအကွေ့တွင် အရှိန်လွန်ပြီး တဖက်ယာဉ်ကြောမှ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွားခဲ့ပါသည်။


နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် အဆိုပါဖြစ်ပွားရာသိုံ တီးတိန်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍  သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ မွန်းတည့် ၁၂ နာရီအချိန်တွင် ကူညီဆောင်ရွက်ပြီးစီးခဲ့ပါသည်။


အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ယာဉ်မောင်းနှင့် လိုက်ပါစီးနှင်းသူ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦးတို့မှာ သေဆုံးသွားခဲ့သဖြင့် တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်း ဦးရဲဝင်းဇော်အား တီးတိန်မြို့မရဲစခန်း ယာဉ်(ပ) ၆/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/ ၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက်ထားပါကြောင်း သိရသည်။                


ဆွေဦး






အခြားဆက်စပ်သတင်းများ