နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးရာသီနှစ်စဉ်ကြုံတွေ့ရသည့် သွားလာရေးအခက်အခဲများ ကျေးလက်ကွန်ကရစ်လမ်းခင်းကျင်းမှုပြီးစီး၍ သွားလာရေးအဆင်ပြေချောမွေ့ပြီဖြစ်

ရန်ကုန်    ဇူလိုင်    ၂


နိုင်ငံတော်မှ အများပြည်သူခရီးသွားလာမှုအဆင်ပြေချောမွေ့စေရန်နှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်လွယ် စေရန် ကျေးလက်လမ်းများကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီး မြို့နယ်၊ ဥက္ကံမြို့၊ တဘူးလှဆည်ကျေးလက်လမ်းပိုင်းအားမြေသားလမ်းမှ ကျောက်ချောလမ်း၊ ကွန်ကရစ် လမ်းအဖြစ် တစ်ဆင့်ချင်းအဆင့်မြှင့်တင်ခဲ့ရာ ဇွန်လနောက်ဆုံးပတ်တွင် မြေအောက်ရေမြောင်းပြွန်များ တည်ဆောင်မှုပြီးစီးခဲ့၍ မိုးရာသီတွင် ကျေးလက်ပြည်သူများ သွားလာရေးအဆင်ပြေချောမွေ့လျက်ရှိ ကြောင်းသိရသည်။


ဆောက်လုပ်ရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကုမ္ပဏီတို့မှ ဥက္ကံသကြားစက် ၅ မိုင် ၂ ဖာလုံမှ ၁၂ မိုင် ၄ ဖာလုံထိ ကွန်ကရစ်လမ်းခင်းခြင်း၊ ရေစားချောက်များအား မြေထိန်းနံရံကာရံခြင်းနှင့် မြေအောက်ရေပြွန်မြောင်းတည်ဆောက်ခြင်းတို့ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ပိုင်းတွင် စတင်ဆော င်ရွက်ခဲ့ရာ ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်သော ၃ မိုင် ၄ ဖာလုံ ကွန်ကရစ်လမ်းခင်းကျင်းမှု ဧပြီလတွင်ပြီးစီးခဲ့ပြီး ကျန်ရှိသော ၃ မိုင် ၄ ဖာလုံ၌ မြေအောက်ရေမြောင်းပြွန်များတပ်ဆင်လျက်ရှိရာ ဇွန်လ ကုန်ပိုင်းတွင်ပြီးစီးခဲ့သောကြောင့် မိုးရာသီတွင် ရွံ့ဗွက်များအတွင်း သွားလာနေရသောအခက်အခဲများ ကျော်လွှားနိုင်ခဲ့ပြီဖြစ်၍ ကျန်းမာရေး ၊ ပညာရေး၊ ကျေးလက်လူမှုစီးပွားနှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်စေ လျက်ရှိကြောင်း သိရသည်။


တိုက်ကြီးမြို့နယ် ဥက္ကံသကြားစက် ၅ မိုင် ၂ ဖာလုံမှ တဘူးလှဆည်တမံအနီး  ၁၀ မိုင် ၄ ဖာလုံထိ မြေသားလမ်းမှ ကျောက်ချောလမ်းအဖြစ် ၂၀၁၉ ခုနှစ်၊ မတ်လပိုင်းတွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး ကွန်ကရစ်လမ်းအဖြစ် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် ယခုနှစ်မိုးရာသီမှစ၍ ကျေးလက်နေပြည်သူများ သွားလာရေးနှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်စေရန် ၇ မိုင်အရှည်အား ခင်းကျင်းခဲ့ခြင်းဖြစ်ရာ ယခုအခါ ဇူလိုင်လဆန်းပိုင်း၌ မြေအောက်ရေမြောင်းပြွန် (Box culvert)များတည်ဆောက်မှုပြီးစီးခဲ့၍ မိုးရာသီနှစ်စဉ် ကြုံတွေ့ရသော သွားလာရေးအခက်အခဲများ ကျေးလက်ကွန်ကရစ်လမ်းခင်းကျင်းမှုပြီးစီးမှုဖြင့် အဆင်ပြေ ချောမွေ့စွာသွားလာနိုင်လျက်ရှိကြောင်း သိရသည်။                                               


 ဓာတ်ပုံ - ကနူး- ( ၁၁၂ )






အခြားဆက်စပ်သတင်းများ