ယနေ့ကမ္ဘာပေါ်တွင် အမြင်အာရုံချို့တဲ့သူပေါင်းနှင့်မျက်စိကွယ် သူပေါင်းမှာ ၂၈၅ သန်းခန့်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခန့်မှန်းထားသည်။ ၎င်းတို့၏ ၉၀ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်သည်။ အမြင်အာရုံချို့တဲ့သူများ၏ ရာခိုင်နှုန်း ၈၀ သည် ကာကွယ်ကုသ၍ ရကြောင်းသိရသည်။
လူတစ်ဦးတစ်ယောက်အတွက် မျက်စိကျန်းမာရေးသည် အရေးကြီးသည်။ အမြင်အာရုံကောင်းမွန်မှသာ အစစအရာရာ လုပ်ကိုင်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေနိုင်မည် ဖြစ် သည်။ အမြင်အာရုံချို့ယွင်းလာသည်နှင့်အမျှ လုပ်ငန်းဆောင်တာ များ လုပ်ကိုင်ဆောင်ရွက်ရာတွင် အခက်အခဲနှင့်ကြုံတွေ့ရတတ် သည်။
လူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတို့တွင် မျက်စိသည်တန်ဖိုးအကြီး မားဆုံးပင်ဖြစ်သည်။ နေ့စဉ်ဆောင်ရွက်လုပ်ကိုင်နေသော လုပ်ငန်း ဆောင်တာအားလုံးတို့သည် မျက်စိဖြင့်အလုပ်လုပ်နေကြရ၏။ မျက်စိအမြင်အာရုံချွတ်ယွင်းလျှင် မျက်စိကွယ်လျှင်လုပ်ငန်းဆောင် တာ အရာရာကိုလည်း လျင်မြန်ပြီးမြောက်အောင် ဆောင်ရွက်နိုင် ခြင်းမရှိတော့သဖြင့် မျက်စိသည် လူခန္ဓာကိုယ်အစိတ်အပိုင်းတွင် တန်ဖိုးအကြီးမားဆုံးပင်ဖြစ်၏။ စက္ခုအာရုံချို့တဲ့သူတစ်ဦး၏ အကြီးမားဆုံးအခက်အခဲမှာ ရွေ့လျားသွားလာခြင်းပင်ဖြစ်၏။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လူတိုင်းမျက်စိအာရုံကောင်းမွန် ရေး မျက်စိစမ်းသပ်မှုသည် အရေးကြီးသောလုပ်ဆောင်ချက်ဖြစ် ကြောင်း အသိပေးပြောကြားထားသည်။ ကျွန်ုပ်တို့နိုင်ငံတွင် အခမဲ့ ဆေးဝါးကုသပေးမှုများ တိုးပွားလာလျက်ရှိသည်။
အခမဲ့ဆေးဝါးကုသခြင်းကို နိုင်ငံတော်အပိုင်းသာမက၊ တပ်မ တော်ဆေးဝန်ထမ်းတပ်ဖွဲ့များ၊ ကျန်းမာရေးဝန်ကြီးဌာနအထူးကု ဆရာဝန်ကြီးများ၊ ပုဂ္ဂလိကလူမှုရေးအဖွဲ့အစည်းများကလည်း ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်လာကြသည်ကို သတိပြုမိသည်။ အထူး သဖြင့် မျက်စိစမ်းသပ်ပေးခြင်း၊ မျက်မှန်တပ်ဆင်ပေးခြင်း၊ မျက်မှန် များအခမဲ့တပ်ဆင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
သက်ဆိုင်ရာဝန်ကြီးဌာနများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများက မျက်စိရောဂါကုသမှုတွင် အလေးထား လျက်ရှိရာ ဝေဒနာရှင်များအတွက် အားတက်ဖွယ်ပင်ဖြစ်ကြောင်း။