နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမည်

ရန်ကုန်   ဇူလိုင်  ၂


လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နိုဝင်ဘာ ၈ ရက် (တနင်္ဂနွေ)နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန် ကြေညာလိုက်သည်။


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များ အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ဇူလိုင် ၂၀ ရက်မှစတင်၍ သြဂုတ် ၇ ရက်အထိ တင်သွင်းနိုင်မည်ဖြစ်သည်။


ထိုသို့တင်သွင်းလာမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းလွှာများကို သြဂုတ် ၁၁ ရက်မှ ၁၇ ရက်အထိ စိစစ်သွားမည်ဖြစ်ပြီး အမည်စာရင်းတင်သွင်းလွှာများကို ပြန်လည်ရုပ်သိမ်းလိုက သြဂုတ် ၁၀ ရက်နောက်ဆုံးထား၍ ရုပ်သိမ်းနိုင်မည်ဖြစ်သည်။


ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်တို့နှင့်ပတ်သက်သည့်ကိစ္စရပ်များကို လွှတ်တော်ကိုယ်စားလှယ်လောင်းများ အတည်ပြုပြီးနောက်ပိုင်းမှသာ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ် ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာထားသည်။                      


ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ