နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဗန်းမော်-မြစ်ကြီးနား လမ်းပိုင်းတွင် တောင်ပြိုကျမှုနှင့်ရေကျော်မှုများဖြစ်ပွား

ဗန်းမော်  ဇူလိုင် ၂


ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဗန်းမော်-မြစ်ကြီးနားသွား ကားလမ်း မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ အူထန်ယန်ကျေးရွာအနီးတွင် ဇူလိုင် ၂ ရက်နံနက် ၈ နာရီခွဲက တောင်ပြိုကျပြီး ရေကျော်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။ 


ယင်းအပြင် ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်း Power Five Star ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့သည့် အနီးရှိမြေကာနံရံ အလျား ပေ ၄ဝ၊ အနံ ၁၅ ပေ၊ အမြင့် ၁၂ပေ ပြိုကျပျက်စီးခြင်းနှင့် မြေကာနံရံ  အလျား ပေ ၅ဝ၊ အနံပေ ၂ဝ၊ အမြင့်ပေ၃ဝ ပြိုကျပျက်စီးခြင်း၊ AC လမ်းသား အလျားပေ၃ဝ၊ အနံနှစ်ပေခန့် ပျက် စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။


အဆိုပါနေရာများသို့ မြို့အုပ်ချုပ်ရေးမှူးဦးသိန်းဇော်ဦးနှင့် ဌာနဆိုင်ရာများ သွားရောက်စစ်ဆေးခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများကလည်းသွားလာရေးအဆင်ပြေစေရန် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ သည်။


အလားတူ မိုးမောက်မြို့နယ် နမ့်တိန်-မိုင်းခတ်ကျေးရွာသွား ကားလမ်းတွင် ရေကျော်မှုများ ဖြစ်ပေါ်ခြင်း၊ ဒေါ့ဖုန်းယန်မြို့- ဖာကေကျေးရွာသွားကားလမ်းပိုင်း၌ ရေကျော်မှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် သွားလာရေး အခက်အခဲဖြစ်နေရကြောင်း ဒေသခံပြည်သူတစ်ဦးဖြစ်သည့်  ဦးဝင်းမောင်က ပြောခဲ့ကြောင်း သိရသည်။           


မိုးခါး






အခြားဆက်စပ်သတင်းများ