နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောင်းတက်ရင်း ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နိုင်ရန် MBT မှ ကူညီမည်

ရန်ကုန် ဇူလိုင် ၂


တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ၊ တက္ကသိုလ်ဝင်တန်းဖြေဆိုသူများအတွက် Myanmar Business and Technology တက္ကသိုလ်မှကျောင်းတက်ရင်း ကိုယ်ပိုင်လုပ်ငန်းလုပ်နိုင်ရန်ထူထောင်ပေး မည်ဖြစ်ကြောင်း သိရသည်။

Myanmar  Business and Technology တက္ကသိုလ်တွင် ပထမနှစ်ကျောင်းစတက်မည့် ကျောင်းသားများကို ကျောင်းတက်ရင်း ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နိုင်ရန် ရင်းနှီးငွေများ ထုတ်ပေးခြင်း၊ ရုံးခန်းများထားရှိပေးခြင်း၊ လိုအပ်သော Office Supply များထောက်ပံ့ပေးခြင်း၊ မြန်နှုန်းမြင့် အင်တာနက်တပ်ဆင်ပေးခြင်းတို့ လုပ်ဆောင်ပေးမည်ဖြစ်သည်။


ထို့ပြင် ကိုယ်ပိုင်လုပ်ငန်းတွင် ကြုံတွေ့ရသောအခက်အခဲများအတွက် တိုင်ပင်အကြံပြုဆွေးနွေးပေးမည့် စီးပွားရေးအကြံပေးများပါ ထားရှိပေးမည်ဖြစ်ကြောင်း Myanmar Business and Technology တက္ကသိုလ်မှသိရသည်။

ကျောင်းသားများအနေဖြင့် ကိုယ်ပိုင်လုပ်ငန်းကို စတင်လုပ်ဆောင်ချိန်တွင် အောင်မြင်မှု၊ ဆုံးရှုံးမှုအတွက် (၅၀%) ခန့်ထားပြီး လုပ်ကိုင်မည့်လုပ်ငန်းနှင့် ကျောင်းသား၏ အားစိုက်မှုအပေါ်မူတည်၍ Myanmar Business and Technology တက္ကသိုလ်အနေဖြင့် အောင်မြင်နိုင်မည့်လမ်းကြောင်းကို ရွေးချယ်ညွှန်ပြပေး မည်ဖြစ်ကြောင်း တက္ကသိုလ်တည်ထောင်သူ၏ ပြောကြားချက်အရသိရသည်။


ကျောင်း၏ အစီအစဉ်သည် အကန့်အသတ်မရှိသော လေ့လာမှု၊ လက်တွေ့နဲ့ ပေါင်းစပ်ပြီးတီထွင်ဆန်းသစ်မှုရှိတာတွေ၊ ပြင်ပလောကနဲ့ လက်တွေ့ထိတွေ့ပြီး သင်ယူတာတွေနဲ့ ကျောင်းသား/သူများကို အမြင့်ဆုံးခေါ်ဆောင်သွားဖို့ ရည်ရွယ်ထားခြင်းဖြစ်သည့်အပြင် ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ကျောင်းသား/သူများအနေဖြင့် ဆုံးရှုံးမှုများအတွက် စိတ်ပိုင်းဆိုင်ရာတွင် စိတ်ဓာတ်မကျစေရန် စီးပွားရေးအကြံပေးများ၏ အကြံပေးချက်များနှင့်အတူ ကြိုးစားလေ့လာ သင်ယူရမည်ဖြစ်ကြောင်းသိရသည်။


မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ