နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်နှင့် ကွာလာလမ်ပူအကြား Relief Flight များ ဇူလိုင် ၁၁ ရက်တွင် ထပ်မံပြေးဆွဲမည်

ရန်ကုန် ဇူလိုင် ၂


အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)အနေဖြင့် ယခုကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ကာလအတွင်း မြန်မာနိုင်ငံ၊ ရန်ကုန်မြို့နှင့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့အကြား ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်(Relief Flight)များကို ဇူလိုင် ၁၁ ရက်တွင်ထပ်မံပြေးဆွဲပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ထိုသို့ ပျံသန်းပြေးဆွဲရာတွင် ရန်ကုန်-ကွာလာလမ်ပူ Relief Flight သည် ဇူလိုင် ၁၁ ရက်၊ နံနက် ၁၀ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာမည်ဖြစ်ပြီး ကွာလာလမ်ပူ-ရန်ကုန် Relief Flight မှာလည်း ဇူလိုင် ၁၁ ရက်၊ ညနေ ၃ နာရီတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှ စတင်ထွက်ခွာမည်ဖြစ်ကြောင်း၊ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များ ဖြစ်မြောက်ရေးအတွက် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)နှင့်အတူ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးနှင့် ရန်ကုန်မြို့ရှိ မလေးရှားသံရုံး တို့မှလည်း ပူးပေါင်းကူညီဆောင်ရွက်ကြကြောင်း သိရသည်။


ထို Relief Flight ခရီးစဉ်များတွင် သက်ဆိုင်ရာအာဏာပိုင်များက စစ်ဆေးဆောင်ရွက်ပြီး ခွင့်ပြုသူများ ကိုသာ ကန့်သတ်ထားသော ခရီးသည်အရေအတွက်အတိုင်း လိုက်ပါစီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ ထို့အပြင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)မှ ထပ်မံပြေးဆွဲပေးမည့် ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်များအတွက်လည်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ အတည်ပြုချက်များရရှိပါက ထပ်မံအသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။


  (ဆောင်းဦး)






အခြားဆက်စပ်သတင်းများ