နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သုံးခွမြို့နယ် သမစိတ္တကျေးရွာတွင် မြစိမ်းရောင်(ငါးကဏ္ဍ)အတိုးရငွေဖြင့် သောက်သုံးရေကန်သစ်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်

ရန်ကုန် ဇူလိုင် ၂


ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ၊ သမစိတ္တကျေးရွာတွင်မြစိမ်းရောင်(ငါးကဏ္ဍ) အကောင်အထည် ဖော်ရေးကော်မတီမှစီစဉ်ဆောင်ရွက်မှုဖြင့်၂၀၁၉-၂၀၂၀ဘဏ္ဏာရေးနှစ်(၄)ကြိမ်မြောက်အတိုးရရန်ပုံငွေဖြင့် ငါးဆယ်ရာခိုင်နှုန်းဖြစ်သော ငွေကျပ်သိန်း(၃,၁၅၀,၀၀၀)ကျပ်ဖြင့် သောက်သုံးရေကန်တူးဖော်ခြင်း လုပ်ငန်း ကို ဇူလိုင် ၂ ရက် နံနက်ပိုင်းက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှုးဦးတင်၀င်းနှင့် ၀န်ထမ်းများက    လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။


အဆိုပါ သောက်သုံးရေကန်ကိုသမစိတ္တကျေးရွာရှိသဘာ၀ချိုင့်အား အလျား ၁၈၀ ပေ ၊ အနံ၉၈ပေ၊ အနက်၃ပေဖြင့်ဆက်လက်တူးဖော်ခြင်းဖြစ်ပြီး ငါးလုပ်ငန်းဦးစီးဌာနမြို့နယ် ဦးစီးမှူးကစံချိန်စံနှုန်းဖြင့်    ကိုက်ညီမှုရှိမရှိစစ်ဆေးခဲ့ ပြီးလိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

သုံးခွမြို့နယ်တွင်မြစိမ်းရောင်(ငါးကဏ္ဍ)လေးရွာရှိပါတယ်။ အဲ့ဒီလေးရွာကအောင်သာဒါန်းကျေးရွာ၊      ထွန်းစိန်ကျေးရွာ၊သမစိတ္တကျေးရွာ၊ သာသာမြိုင်ကျေးရွာတို့ဖြစ်ပါတယ်။ ၂၀၁၅ခုနှစ်ကစတင်ပြီး ငါးလုပ်ငန်းဦးစီးဌာနဘတ်ဂျက်ရန်ပုံငွေကျပ်သိန်း(၃၀၀)နဲ့စတင်ခဲ့တာဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနဦးစီးမှူးထံမှသိရသည်။


စည်သူလင်း (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ