နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွေးကောက်ပွဲအတွက် ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် နယ်မြေစည်းရုံးရေးလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်

ရန်ကုန် ဇူလိုင် ၂


နိုင်ငံတစ်ဝန်းလုံးတွင် ယခုနှစ်၊ နိုဝင်ဘာလ ၈ ရက်၌ ကျင်းပပြုလုပ်မည့် (၂၀၂၀)ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပါတီစည်းရုံးရေးလုပ်ငန်းများ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများကို စတင်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာချက်အရ သိရ သည်။


လာမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်နိုင်ငံသားတစ်ဦးအနေနှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မဆုံးရှုံးစေရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီပါက ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများကို ဇူလိုင် ၁ ရက်မှ စတင်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၁ ရက် ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။


ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းများ၊ မဲဆွယ်စည်းရုံးခြင်းများနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်လောင်းများ  အတည်ပြု ပြီးသည့်နောက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်မှထပ်မံထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံ၌လက်ရှိတည်ဆဲမှတ်ပုံတင်ထားသောနိုင်ငံရေးပါတီပေါင်း ၉၇ပါတီရှိပြီး လာမည့် ရွေးကောက်ပွဲအတွက် ၎င်းတို့ထဲမှ နိုင်ငံတစ်ဝန်းတွင်စည်းရုံးရေးဆင်းမည့် နိုင်ငံရေးပါတီပေါင်း၇၉ပါတီနှင့် တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်း၌သာစည်းရုံးရေးဆင်းမည့်ပါတီပေါင်း ၁၈ ပါတီရှိကြောင်း သိရသည်။


၎င်းအပြင် နိုင်ငံတစ်ဝန်းလုံးတွင် (၂၀၂၀)ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ပေါင်း၃၃၀၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ပေါင်း၁၆၈နယ်၊ တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်ပေါင်း၆၄၄ နယ်နှင့်တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်ပေါင်း ၂၉ နယ်ရှိကြောင်း သိရသည်။


ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ