နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပိုးလောက်လမ်း နှိမ်နင်းရေး

သွေးလွန်တုပ်ကွေးရောဂါသည် အေးဒီးစ်ခြင် အကိုက်ခံရခြင်း ကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ အဆိုပါခြင်သည် နေ့အခါတွင် အစာရှာထွက်လေ့ရှိပြီး လူ၏ အရေပြားမှ သွေးစုပ်ယူတတ်သည်။ အေးဒီးစ်ခြင် အကိုက်ခံမှုကြောင့် ယင်းသယ်ဆောင်ကာသော သွေးလွန်တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးများ ပျံ့နှံ့သွားပြီး ရောဂါ ကူးစက်ခံရခြင်း ဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါဖြစ်စေသည့် ခြင်အမျိုးအစားဖြစ်သော်လည်း ဗိုင်းရပ်စ်ပိုး သယ်ဆောင်လာမှ သာလျှင် သွေးလွန်တုပ်ကွေးသည် အမှန်တကယ်ဖြစ်စေနိုင်သည်။

အဆိုပါခြင်သည် သွေးလွန်တုပ်ကွေးဖြစ်ပွားနေသူ တစ်ဦးကို ကိုက်ပြီး အခြားတစ်ဦးကို ကိုက်မှသာလျှင် ရောဂါဖြစ်ပွားစေနိုင် သည်။ သွေးလွန်တုပ်ကွေးဖြစ်ပွားပါက အမြန်ဆုံး‌ ဆေးရုံသို့ သွားရောက်ကုသရန် အရေးကြီးသည်။ ရောဂါကို သွေးဖောက်၍ ပီစီဘီစက်ဖြင့် အဖြေရှာကုသပေးလျက်ရှိသည်။

သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်မှ ကာကွယ်ရန် အရေးကြီး ဆုံးသော အချက်မှာ မိမိတို့ သားသမီးများ ခြင်အကိုက်မခံရအောင် အထူးသတိပြုကာကွယ်ခြင်းပင် ဖြစ်သည်။ နေ့ခင်းအိပ်စက်သည့် အခါ ခြင်ထောင်ဖြင့် အိပ်စက်ခြင်းသည် အကောင်းဆုံးပင်ဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါကို ဖြစ်စေသည့် ခြင်များ၊ မိမိတို့ရုံး၊ အိမ်၊ ကျောင်းပတ်ဝန်းကျင်တွင် ပေါက်ပွားခြင်းမရှိစေရန် ဖုံး၊ သွန်၊ လဲ၊ စစ်ဟူသော ဆောင်ပုဒ်အတိုင်း ပိုးလောက်လမ်းနှိမ်နင်းရေးကို သတိပြုဆောင်ရွက်သင့်၏။ 

မလေးရှားနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါကြောင့် ၂၀၂၄ ခုနှစ်အတွင်း သေဆုံးသူ ၃၉ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ဧပြီ ၂၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ လွန်ခဲ့သော နှစ်က သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၂၂ ဦး ရှိခဲ့ ကြောင်း အသိပေးထားသည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်စေသည့် ခြင်သည် ရေကြည် ရေသန့်တွင် ပေါက်ပွားတတ်သောကြောင့် အိုးများ၊ ရေကန်များကို ဖုံးအုပ်ထားသင့်၏။ ပိုးလောက်လမ်းများ မပေါက်ပွားစေရန် သက်ဆိုင်ရာဌာနများက အဘိတ်ဆေးခတ်ခြင်း၊ ခြင်ထောင် ဆေးစိမ်ခြင်း၊ ရေစီးရေလာကောင်းမွန်ရေး ပူးပေါင်းဆောင်ရွက်ခြင်း၊ မိမိပတ်ဝန်းကျင် ချုံ၊ နွယ်၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ လေဝင်လေထွက်ကောင်းမွန်အောင် စီမံခြင်းတို့ကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သင့်ကြောင့် တိုက်တွန်းနှိုးဆောင်ရပါသည်။       






အခြားဆက်စပ်သတင်းများ