နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွမ်းခြံကုန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းဆင့် (Grade-10)သင်ရိုးသစ်အတွက် Face to Face သင်တန်းဖွင့်လှစ်

ရန်ကုန် ဇူလိုင် ၂


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အခြေခံ ပညာအထက်တန်းဆင့်(Grade-10)သင်ရိုးသစ်မြို့နယ်အဆင့် Face to Face သင်တန်းကို  ဇူလိုင် ၁ ရက်မနက်(၉)နာရီကအမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါ သင်တန်း တွင် အခြေခံပညာအထက်တန်းဆင့်ဆရာ၊ ဆရာမ(၁၃၁)ဦးတို့အား နည်းပြ(၁၄)ဦး၊ ကြီးကြပ်(၂)ဦးတို့ဖြင့် Grade-10 သင်ရိုးသစ်ကို Faceto Face သင်ကြားပို့ချပေးမည်ဖြစ်သည်။ ကွမ်းခြံကုန်းမြို့နယ်တွင် Grade-10 TOT Online Training နည်းပြသင်တန်းကိုဇွန်(၂၄)ရက်မှ(၂၇)ရက်နေ့အထိမြို့နယ်ပညာရေးမှူးရုံးအစည်း အဝေးခန်းမတွင် ဖွင့်လှစ်ခဲ့ပြီးအဆိုပါသင်တန်းတွင်တက်ရောက်ခဲ့သူဆရာ၊ ဆရာမများကပြန်လည်ပို့ချပေးမှာ ဖြစ်ကြောင်း၊ သင်တန်းပို့ချရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီတစ်ဦးနှင့်တစ်ဦး(၆)ပေအကွာထားရှိခြင်း၊ နှာခေါင်းစည်း(mask)တပ်ဆင်စေခြင်း၊ လက်သန့်ဆေးရည်နှင့် လက်ဆေးဘေစင်များထားရှိပေးခြင်းတို့ကို ဆောင်ရွက်ပေးထားပြီး တစ်ခန်းလျှင် လူ(၂၀)ဦးနှုန်းဖြင့်အခန်း (၁၀)ခန်းထားရှိပြီးသင်တန်းကိုဇူလိုင်(၁)ရက် မှ(၈)ရက်အထိဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။                                                                                           


ထွန်းထွန်းစိုး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ