နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငွေဆောင်လူရည်ချွန်စခန်းနှင့် ချောင်းသာလူရည်ချွန်စခန်းသို့ သွားရောက်ကြမည့် လူရည်ချွန်မောင်မယ်များအား ကြိုဆိုဂုဏ်ပြု ဧည့်ခံပွဲ ကျင်းပ

ရန်ကုန်၊ ဧပြီ ၂၈

၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် ဧကာ ဒသမတန်းမှ ငွေဆောင် လူရည်ချွန်စခန်းသို့ သွားရောက်ကြမည့် လူရည်ချွှန်မောင်မယ်များ နှင့် ဒွါဒသမတန်း ချောင်းသာ လူရည်ချွန်စခန်းသို့ သွားရောက်ကြ မည့် လူရည်ချွန်မောင်မယ်များအား ကြိုဆိုဂုဏ်ပြုဧည့်ခံပွဲ အခမ်း အနားကို ယမန်နေ့ နံနက်ပိုင်းက မရမ်းကုန်းမြို့နယ် မြန်မာ ကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်မှ ပြန်လည်ရောက်ရှိလာသော ရန်ကုန် တိုင်းဒေသကြီး လူရည်ချွှန်မောင်မယ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့်ဇနီး၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ကင်း‌ထောက်လူငယ်များက ဘင်ခရာအဖွဲ့များနှင့် ပန်းပွားအကများဖြင့် ကြိုဆိုနှုတ်ဆက်ကြ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြား ရာတွင် ရန်ကုန်တိုင်းဒေသကြီးမှ တစ်ဆင့် သက်ဆိုင်ရာ လူရည်ချွန် စခန်းများသို့ ဆက်လက်သွားရောက်ကြရမည်ဖြစ်၍ ယခုလို ကြိုဆို ဧည့်ခံရေး အစီအစဉ်ကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ လူရည်ချွန် မောင်မယ်များ၊ ကြီးကြပ်သူ ဆရာ၊ ဆရာများအားလုံး လမ်းခရီး တစ်လျှောက် ကျန်းမာရေးကို အထူးဂရုစိုက်ကြရန် မှာကြားလိုပါ ကြောင်း၊ ခရီးစဉ်တစ်လျှောက်လုံးအဆင်ပြေချောမွေ့ပြီး ကိုယ် ကျန်းမာစိတ်ချမ်းသာ၍ ပျော်ရွှင်စရာ လေ့လာရေးခရီးစဉ်ဖြစ်ပါစေ ကြောင်း ပြောကြားသည်။ ၎င်းနောက် နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကာ  ကင်းထောက် လူငယ်များ၊ ဧကာဒသမတန်းနှင့် ဒွါဒသမတန်းတို့မှ လူရည်ချွန်‌ မောင်မယ်များက ဖျော်ဖြေရေးအစီအစဉ်ဖြင့် ဧည့်ခံဖျော်ဖြေကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က  ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ယင်းနောက် ငွေဆောင်လူရည်ချွန်စခန်းသို့ သွားရောက်ကြမည့် ဧကာဒသမတန်းမှ လူရည်ချွန်မောင်မယ် (၁၃၇) ဦး၊ ချောင်းသာ လူရည်ချွန်စခန်းသို့ သွားရောက်မည့် ဒွါဒသမတန်းမှ လူရည်ချွှန် မောင်မယ် (၁၃၇) ဦး၊ ကြီးကြပ်အုပ်ချုပ်သူ (၃၂) ဦး၊ စုစုပေါင်း (၃၀၆) ဦးတို့အား မရမ်းကုန်းမြို့နယ် မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)မှ ပို့ဆောင် နှုတ်ဆက်ကြသည်။                     







ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ