နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မက်ဆင်ဂျာအက်ပလီကေးရှင်း အရည်အသွေးမြင့် ဓာတ်ပုံများ စတင် ပေးပို့နိုင်

ကယ်လီဖိုးနီးယား၊ ဧပြီ ၂၇

 ကမ္ဘာကျော် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်အတွက် မက်ဆင်ဂျာ အက်ပလီကေးရှင်းကို အဆင့်မြှင့်တင် ပေးမှု ပြုလုပ်ပြီးဖြစ်၍ အရည်အသွေး မြင့်ဓာတ်ပုံများကို စတင်ပေးပို့နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ယခင်က မက်ဆင်ဂျာ အက်ပ်က တစ်ဆင့် ဓာတ်ပုံများ ပေးပို့ရာတွင်ပုံ များ၏ အရည်အသွေးကို လျှော့ချ လေ့ရှိသည့်အတွက် သုံးစွဲသူများအနေ ဖြင့် အခြားသော အက်ပ်များ၊ ဝက်ဘ် ဆိုက်များကို အသုံးပြုပြီး ဓာတ်ပုံများ ပေးပို့ခဲ့ရသော်လည်း ယခုမူ အရည် အသွေးမြင့် (HD) ဓာတ်ပုံများ ပေးပို့နိုင် သည့် စွမ်းရည်သစ်များ ပါဝင်လာပြီ ဖြစ်သည်။

စွမ်းရည်သစ်ကို အသုံးပြုရာတွင် သုံးစွဲသူများသည် မိမိပေးပို့လိုသည့် ဓာတ်ပုံကို ရွေးချယ်ပြီး ညာဘက်ထိပ်ရှိ HD ခလုတ်ကို ဖွင့်ပေး (On) လိုက်ကာ အရည်အသွေးမြင့် ဓာတ်ပုံများကို ပေးပို့နိုင်မည် ဖြစ်သည်။

ထို့ပြင် မက်ဆင်ဂျာ အသုံးပြုသူ များသည် ကိုယ်ပိုင် QR Code ရရှိ မည်ဖြစ်ပြီး အဆိုပါ Code ကို Scan ဖတ်၍ အလွယ်တကူ Add လုပ် နိုင်မည် ဖြစ်ကာ Word ၊ Excel အပါအဝင် အဓိကဖိုင်အမျိုးအစားများကိုလည်း အရွယ်အစား 100 MB အထိ ပေးပို့နိုင် မည် ဖြစ်သည်။

မက်ဆင်ဂျာ အက်ပ်၏ စွမ်းရည်သစ် များကို အသုံးပြုနိုင်ရန် ယင်းအက်ပ်ကို အဆင့်မြှင့်တင်မှု (Update) ပြုလုပ်ထား ရန် လိုကြောင်း သိရသည်။   







(ref: BBC)






အခြားဆက်စပ်သတင်းများ