နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားသမ္မတ တရုတ်နိုင်ငံ သွားမည်

မော်စကို၊ ဧပြီ ၂၇

နောက်ထပ် သမ္မတ သက်တမ်း အတွက် စတင်တာဝန် ထမ်းဆောင် ရမည့် ရုရှားသမ္မတ ဗလာဒီမာပူတင် သည် ပြန်လည်ရွေးကောက်ခံရပြီး နောက်ပိုင်း ယင်း၏ ပထမဆုံး ပြည်ပ နိုင်ငံခရီးစဉ်အဖြစ် လာမည့်မေလ အတွင်း တရုတ်နိုင်ငံသို့ သွားရောက် မည်ဖြစ်ကြောင်း သိရသည်။

ရုရှားနိုင်ငံ မြို့တော်မော်စကိုရှိ စက်မှုလုပ်ငန်းရှင်များနှင့် စွန့်ဦးတီထွင် သူများသမဂ္ဂ အစည်းအဝေးတွင် သမ္မတပူတင်က အဆိုပါခရီးစဉ်နှင့် ပတ်သက်ပြီး ထုတ်ဖော်ကြေညာထား ကာ အခြားအသေးစိတ် အချက်အလက် များကို ပြောဆိုခြင်းမရှိကြောင်း သိရ သည်။

သမ္မတပူတင်၏ ကျမ်းသစ္စာကျိန် ဆိုပွဲကို မေ ၇ ရက်တွင် ပြုလုပ်ရန်စီစဉ် ထားပြီး ယူကရိန်းနှင့်ပဋိပက္ခကာလ အတွင်း တရုတ်နှင့်ပိုမိုအနီးကပ် ဆက် ဆံလာကာ တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့်အကန့်အသတ်မရှိ မိတ်ဖက် ဆက်ဆံရေး သဘောတူညီချက်ကို လည်း လက်မှတ်ရေးထိုးထားသည်။

ထို့ပြင် တရုတ်သည် ရုရှား၏ ဒုံးကျည်များ၊ တင့်ကားများ၊ လေယာဉ် များနှင့်အခြားလက်နက်စနစ်များထုတ်လုပ်ရာတွင် အသုံးပြုနေသည့် စက်ကိရိယာ၊ မိုက်ခရိုအီလက်ထရွန် နစ်ပစ္စည်းများနှင့်အခြားနည်းပညာ များကို ရောင်းအားမြှင့်ပေးထားသည် ဟူသော သတင်းများ ထွက်ပေါ်လျက် ရှိပြီး တရုတ်ကမူယင်းအချက်ကို ငြင်းဆိုထားသည်။         








(ref:Reuters)






အခြားဆက်စပ်သတင်းများ