နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကာကွယ်ဆေးထိုးနှံရေး ကြိုးပမ်းဆောင်ရွက်

မြန်မာနိုင်ငံရှိ သန်း ၆၀ ခန့်ရှိသော လူဦးရေစုစုပေါင်းအနက် ၆၀ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့်ကလေးသူငယ်များဖြစ်ကြသည်။ ယင်းတို့အနက် ၁၁ ဒသမ ၇ ရာခိုင်နှုန်းမှာ ငါးနှစ်အောက်ကလေး ငယ်များဖြစ်ပြီး ၄၈ ဒသမ ၃ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ် ကြသည်။

ကျွန်ုပ်တို့နိုင်ငံတွင် လူတိုင်းကျန်းမာရေးစောင့်ရှောက်မှုအဖြစ် မွေးကင်းစအရွယ်ကလေးများမှစတင်၍ ကာကွယ်ဆေးထိုးနှံခြင်း ကို စီမံချက်ချမှတ်ဆောင်ရွက်လျက်ရှိသည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလနှင့်ဖေ‌ဖော်ဝါရီလတို့တွင် ဝက်သက်နှင့် ဂျိုက်သိုးရောဂါအစုလိုက်ကာကွယ်ဆေးထိုးနှံခြင်းကို ကျောင်း အခြေပြု ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပြည်သူလူထုအခြေပြု ကာကွယ်ဆေးများထိုးနှံပေးခဲ့သည်။

 ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ်ဧပြီလနောက်ဆုံးရက်သတ္တ ပတ်ကို ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်  အဖြစ်သတ်မှတ်ကာ နှစ်စဉ်ကျင်းပလျက်ရှိရာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အနေဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်း၏ နှစ် ၅၀မြောက်ဖြစ် သည်။ ယခုနှစ်ကမ္ဘာ့ကာကွယ်ဆေးထိုးနှံရေး ရက်သတ္တပတ်၏ ဆောင်ပုဒ်မှာ "ကလေးများအနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင် ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့" ဖြစ်သည်။

ကမ္ဘာတစ်ဝန်းလုံးတွင် ဝက်သက်ကာကွယ်ဆေးတစ်မျိုးတည်း အနေဖြင့် ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၈ ခုနှစ်အတွင်း သေဆုံးမှုပေါင်း ၂၃ သန်းခန့်ကို ကာကွယ်ပေးနိုင်ခဲ့သည်။ ပြည်သူ့ကျန်မာရေးဦးစီး ဌာနအနေဖြင့် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တ ပတ်အထိမ်းအမှတ်အဖြစ် ဧပြီ ၂၄ ရက်မှ ၃၀ ရက်အတွင်း နေပြည် တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်များ တွင် ရောဂါ ၁၃ မျိုးကို ကာကွယ်နိုင်သော ကာကွယ်ဆေးများ အသုံးပြု၍ သတ်မှတ်အသက်အရွယ်အတွင်းရှိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ခုနှစ်ဦးပိုင်းမှစတင်ကာ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်နှင့် အမီလိုက် ကာကွယ်ဆေးထိုးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုနှစ်ဆကျော် ပြန်လည်တိုး တက်လာသည်။

နိုင်ငံတော်ကပံ့ပိုးပေးလျက်ရှိသော  ကာကွယ်ဆေးများကို အသုံးပြု၍ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် အသက်အရွယ် အလိုက်အကြိမ်ပြည့် ထိုးနှံတိုက်ကျွေးမှုခံယူခြင်းဖြင့် ရင်သွေးငယ် များကို ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများကို      ကပ်အသွင်ရောဂါဘေးမှကာကွယ်စေချင်ကြောင်း မိဘပြည်သူများ အား တိုက်တွန်းနှိုးဆော်ရပါကြောင်း။   






အခြားဆက်စပ်သတင်းများ