နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချဲလ်ဆီးအသင်း နည်းပြပိုချက်တီနို နေရာ ဒီဇာဘီနှင့် အစားထိုးရန် ကြိုးပမ်း

ဧပြီ ၂၅

ချဲလ်ဆီးအသင်းသည် ယခု နှစ် ဘောလုံးရာသီ ပြိုင်ပွဲစုံ တွင် ရလဒ်ကောင်းရရှိရန် ရုန်းကန်နေရ သည့် နည်းပြ ပိုချက်တီနို၏နေရာ တွင် ဘရိုက်တန်အသင်းနည်းပြ ဒီဇာဘီနှင့် အစားထိုးရန်ကြိုးပမ်း နေကြောင်း သိရသည်။

ချဲလ်ဆီးအသင်းသည် နည်းပြပိုချက်တီနိုလက်ထက် တွင် ကာရာဘောင်းဖလား ပြိုင်ပွဲ ၌ ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရပြီး အက်ဖ်အေဖလားပြိုင်ပွဲတွင် ဆီမီး ဖိုင်နယ်အဆင့်မှထွက်ခွာ ခဲ့ရသည့်အပြင် အမှတ် ပေးပြိုင်ပွဲ တွင်လည်း ပွဲစဉ် ၃၂ ပွဲအပြီးတွင် အဆင့် ၉ နေရာတွင်သာရပ် တည်နိုင်ခဲ့သောကြောင့်လာမည့် နှစ်တွင် နည်းပြဒီဇာဘီနှင့်အစား ထိုးရန် အသင်းတာဝန်ရှိသူများ က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

နည်းပြ ဒီဇာဘီသည်ဘရိုက် တန်အသင်းကို စတင်တာဝန်ယူ ပြီးနောက် အသင်းကို ရလဒ် ကောင်းများရရှိအောင် စွမ်း ဆောင်နိုင်ခဲ့သည့်အပြင် လူငယ် ကစားသမားများကို ခြေစွမ်းပိုင်း တိုးတက်လာအောင်စွမ်းဆောင် နိုင်ခဲ့သဖြင့် ဥရောပထိပ်သီး ကလပ် အသင်းများဖြစ်သည့် ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နှင့် ချဲလ်ဆီး အသင်းတို့၏ စိတ်ဝင် စားမှုကို ခံနေရခြင်းဖြစ်သည်။

လက်ရှိတွင် နည်းပြဒီဇာဘီ သည် ဘရိုက်တန် အသင်းနှင့် စာချုပ်သက်တမ်းကျန်ရှိနေ သော်လည်းလာမည့်နှစ် ဘောလုံး ရာသီတွင် အသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ထားသောကြောင့်ချဲလ် ဆီးအသင်းက လက်ဦးမှုရယူ နိုင်ရန် ကြိုးပမ်းနေကြောင်း သိရ သည်။                               







သူရိန်






အခြားဆက်စပ်သတင်းများ