နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Laver Cup တင်းနစ်ပြိုင်ပွဲ ရာဖေးလ်နာဒယ် ပါဝင်ယှဉ်ပြိုင်မည်

ဧပြီ ၂၅

စပိန်တင်းနစ်ကစားသမား ရာဖေးလ်နာဒယ်သည် ဒဏ်ရာ ပြသနာကြောင့် ကာလရှည် အနားယူနေရသော်လည်း Laver Cup တင်းနစ်ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် ပစ်မှတ်ထားနေ ကြောင်း သိရသည်။

Laver Cup တင်းနစ်ပြိုင်ပွဲ သည် ဆွစ်ဇာလန် ဂန္ထဝင်တင်း နစ်ကစားသမား ရော်ဂျာဖက် ဒဲရာတည်ထောင်ထားသည့် ပြိုင်ပွဲတစ်ရပ်ဖြစ် သကဲ့သို့နှစ်စဉ် နှစ်တိုင်း ကမ္ဘာ့အဆင့်ကစား သမားများပါဝင်ယှဉ်ပြိုင်လေ့ရှိ သည့် ပြိုင်ပွဲဖြစ်သည်။

ရာဖေးလ်နာဒယ်သည် ၂၀၁၇ ခုနှစ်ကတည်းက ရော်ဂျာ ဖက်ဒဲရာနှင့်အတူ Laver Cup တင်းနစ်ပြိုင်ပွဲတွင်နှစ်စဉ် နီးပါး ပါဝင်ယှဉ်ပြိုင်လေ့ရှိပြီး ယခုနှစ် တွင် ကစားသမားဘဝ၏ နောက် ဆုံးအနေဖြင့် ပါဝင်ယှဉ်ပြိုင် သွားရန်ဆန္ဒရှိနေကြောင်း ပြော ကြားခဲ့သည်။

လက်ရှိတွင် ဒဏ်ရာပြဿနာ ကြောင့်အနားယူနေရသော် လည်း Laver Cup တင်းနစ် ပြိုင်ပွဲအမီ ပါဝင်ယှဉ်ပြိုင် နိုင်ရေးအတွက် ဒဏ်ရာအား ဆေးကုသမှုများပြု လုပ်နေသကဲ့သို့ ကြံ့ခိုင်မှုကောင်း မွန်စေရေးအတွက်လည်းအပြည့် အဝအနားယူသွားမည်ဖြစ် ကြောင်း ရာဖေးလ်နာဒယ်က ပြောသည်။







သူရိန်






အခြားဆက်စပ်သတင်းများ