နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သာကေတမြို့နယ်၊၂/တောင်ရပ်ကွက် အမှတ်(၈)အခြေခံပညာ အလယ်တန်းကျောင်းနှင့် ၄/တောင်ရပ်ကွက်ရှိအမှတ်(၁၂) အခြေခံ ပညာ မူလတန်းကျောင်းများ သန့်ရှင်းသာယာလှပစေရေး

ဧပြီ ၂၃ ရက်က မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးကြီးကြပ်၍ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့်ဌာနများက တွဲဖက် ဝန်ထမ်းများ ပူးပေါင်းအင်အား ၃၀ ဦးဖြင့် မြက်ပင်ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များ ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်းအလင်းဖွင့်ခြင်း၊ ကျောင်းအမိုး ပေါ်ရှိသစ်ရွက်ကြွေ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်း မွန်စေရေး ရေမြောင်းအတွင်းရှိ အမှိုက်နှင့်မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း၊ သစ် ရွက်ခြောက်ကြွေများ၊ သဲခဲများလှည်းကျင်းရှင်းလင်းခြင်း၊ ကျောင်း တွင်း ကျောင်းပြင်သန့်ရှင်းရေးပြုလုပ်ခြင်း၊ ထွက်ရှိအမှိုက်၊ သစ်ကိုင်း သစ်ခက်နှင့်မြောင်းချေးများကို ယာဉ်နှစ်စီးဖြင့်သိမ်းဆည်း သယ်ယူ စွန့်ပစ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် ရေးအတွက် ရေစည်ရေကန်များကို အဘိတ်ဆေးခတ်ခြင်း၊ ဖုံးသွန် လဲစစ်ပြုလုပ်ခြင်း၊ ကျန်းမာရေး ပညာပေးလက်ကမ်း စာစောင်များ ပေးဝေခြင်းတို့ ဆောင်ရွက်ကြစဉ်။








ယဉ်မွန်






အခြားဆက်စပ်သတင်းများ