နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုဇွန်တောင်မြို့နယ်၊အမှတ်(၁၀)ရပ်ကွက်၊ဗိုလ်မြတ်ထွန်းလမ်း အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း သန့်ရှင်းသာယာ လှပစေရေး

ဧပြီ ၂၄ ရက်က မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ကြီးကြပ်၍ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးနှင့် ဌာနများက တွဲဖက်ဝန်ထမ်းများ ပူးပေါင်းအင်အား ၂၅ ဦးဖြင့်စာသင် ခန်းများအတွင်း ဖုန်နှင့်အမှိုက်များရှင်းလင်းခြင်း၊ သစ်ပင်အောက် တက်များ ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိ ပုံသွင်းအလင်း ဖွင့်ခြင်း၊ ကျောင်းအမိုးပေါ်ရှိ သစ်ရွက်ကြွေအမှိုက်များ ရှင်းလင်း ခြင်း၊ စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း၊ သစ်ရွက်ခြောက်ကြွေ များ၊ သဲခဲများလှည်းကျင်း ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန် စေရေး ရေမြောင်းအတွင်းရှိ အမှိုက်နှင့်မြောင်းချေးများ ဆယ် ယူ ရှင်းလင်းခြင်း၊ ကျောင်းတွင်း ကျောင်းပြင်သန့်ရှင်းရေးပြုလုပ် ခြင်း၊ ထွက်ရှိအမှိုက်၊ သစ်ကိုင်းသစ်ခက်နှင့် မြောင်းချေးများကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်း၊ သွေးလွန်တုပ် ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ရေစည်ရေကန်များ ကိုအဘိတ်ဆေးခတ်ခြင်း၊ ဖုံးသွန်လဲစစ်ပြုလုပ်ခြင်း၊ ကျန်းမာရေး ပညာပေးလက်ကမ်းစာစောင်များပေးဝေခြင်းတို့ကို ဆောင်ရွက်ကြစဉ်။                                                                             







ယဉ်မွန်






အခြားဆက်စပ်သတင်းများ