နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စွန့်ပစ်ပစ္စည်းများမှ လေယာဉ်လောင်စာထုတ်လုပ်နိုင်ရန် သုတေသီများ ကြိုးပမ်း

ဝါရှင်တန်၊ ဧပြီ ၂၅

စွန့်ပစ်ပစ္စည်းမှ ရေရှည်တည်တံ့မည့် လေယာဉ်လောင်စာများ ထုတ်လုပ် နိုင်ရန် သုတေသီများက ကြိုးပမ်း နေပြီး နှစ်စဉ်ဂါလန်သုံးဘီလီယံမှ ငါး ဘီလီယံအထိ ထုတ်လုပ်နိုင်ဖွယ်ရှိ ကြောင်း အမေရိကန်စွမ်းအင်ဝန်ကြီးဌာနက ဧပြီ ၂၄ ရက်တွင် ထုတ်ပြန်သည်။

ယင်းသည် တိုင်းပြည်၏ နှစ်စဉ် လောင်စာဆီ ထုတ်လုပ်မှု ၂၅ ရာခိုင် နှုန်းကို အစားထိုးနိုင်မည်ဖြစ်ပြီး ရေရှည်တည်တံ့သည့် လေယာဉ်လောင် စာများထုတ်လုပ်မည့် စက်ရုံများကို လေဆိပ်ကြီးများအနီး ဆောက်လုပ် နိုင်ရန်နေရာများ ရှာဖွေတွေ့ရှိထား ကြောင်း သိပ္ပံပညာရှင် တင်မိုသီဆမ် ပယ်လ်က ပြောသည်။

လက်ရှိတွင် နည်းပညာပိုင်းကို ကျယ်ပြန့်စွာ အသုံးချရန်နှင့်စရိတ် သက်သာစေရန် လုပ်ဆောင်ရမည့်အချက် များကို သုတေသီများက လေ့လာနေပြီး ရရှိနိုင်မည့် စွန့်ပစ်ပစ္စည်း ပမာဏပေါ် မူတည်ကြောင်း သိရသည်။

 စွန့်ပစ်ပစ္စည်းမှ လောင်စာထုတ်လုပ် မည့် စက်ရုံများကိုအဓိကလေဆိပ်ကြီး များအနီး ဆောက်လုပ်နိုင်ပါက လောင် စာများ လေဆိပ်သို့ ရောက်ရှိရန် နောက် ထပ် အခြေခံအဆောက်အအုံများ မလိုသည့်အတွက် အဆင်ပြေစေမည် ဖြစ်ကြောင်း ဓာတုအင်ဂျင်နီယာချုပ် ကာသစ်ခ်ယန်ရာမာဆာမီက ပြော သည်။                             







(ref: Reuter






အခြားဆက်စပ်သတင်းများ