နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေအားလျှပ်စစ်စီမံကိန်း ဖွင့်လှစ်ရန် အီရန်သမ္မတ သီရိလင်္ကာသို့ ရောက်ရှိ

ကိုလံဘို၊ ဧပြီ ၂၅

နှစ်နိုင်ငံ ဆက်ဆံရေးမြှင့်တင်ရန် အီရန်သမ္မတ အီဘရာဟင် ရိုင်စီသည် ဧပြီ ၂၄ ရက်က သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိနေပြီး အဆိုပါ ခရီးစဉ်အတွင်း ဒေါ်လာ ၅၁၄ သန်းတန် ရေအား လျှပ်စစ်စီမံကိန်းကို ဖွင့်လှစ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။ 

ယင်းခရီးစဉ်သည် ယခင်သမ္မတ မိုဟာမက် အမာဒီနီဂျက်၏ ၂၀၀၈ ခုနှစ် ဧပြီခရီးစဉ်နောက်ပိုင်း အီရန် သမ္မတ၏ ပထမဆုံး သီရိလင်္ကာ ခရီးစဉ်ဖြစ်ပြီး နားလည်မှုစာချွန်လွှာ သို့မဟုတ် သဘောတူစာချုပ် ငါးခုကို လက်မှတ်ရေးထိုးမည် ဖြစ်သည်။

 အီရန်သည် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရန် ၂၀၁၀ ခုနှစ်တွင် သဘောတူထားသော်လည်း အရှေ့ အလယ်ပိုင်းနိုင်ငံအပေါ် အမေရိကန်၏ အရေးယူဒဏ်ခတ်မှုများကြောင့် ငွေကြေး လွှဲပြောင်းရန် အခက်အခဲဖြစ်ပေါ်ကာ ဒေါ်လာသန်း ၅၀ ထုတ်ပေးပြီးနောက် ရန်ပုံငွေကုန်ခမ်းသွားပြီး ကျန်ငွေများကို သီရိလင်္ကာက စိုက်ထုတ်ပေးခဲ့ရသည်။

အဆိုပါစီမံကိန်းသည် နိုင်ငံတော် ဓာတ်အားလိုင်းသို့ ဓာတ်အား ၂၉၀ ဂီဂါဝပ်နာရီ ထပ်ပေါင်းပေးနိုင်မည် ဖြစ်ပြီး လယ်မြေ ဧက ၁၅,၀၀၀ အတွက် ရေပေး ဝေနိုင်မည် ဖြစ်ကာ ခရိုင်သုံးခုရှိ ထောင်ချီသော မိသားစုများအတွက် သောက်သုံးရေ ရရှိမည်ဖြစ်ကြောင်း သိရသည်။                             







(ref:CNA)






အခြားဆက်စပ်သတင်းများ