နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မရမ်းကုန်းမြို့နယ်နှင့် အင်းစိန်မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေး လှိုင်သာယာမြို့နယ်များ ဖွံ့ဖြိုးရေးလုပ်ငန်းများ မြို့တော်ဝန် ဦးဗိုလ်ဌေး ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဧပြီ  ၂၅

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊  အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များနှင့် ဌာနမှူး များလိုက်ပါ၍ ယနေ့နံနက်ပိုင်း က အင်းစိန်မြို့နယ်နှင့်မရမ်း ကုန်းမြို့နယ်အတွင်း အောင် သိဒ္ဓိချောင်း၊ ၉ မိုင် ဆည်မြောင်း ချောင်း၊သမိုင်း‌ချောင်းနှင့် ကျိုက်ဝိုင်းဘုရားလမ်းနှင့် မင်းဓမ္မလမ်းထောင့် Terminal ဆီဆိုင်အနီး ရေမြောင်းများ  ရေစီး‌ရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှု၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၄) ရပ်ကွက် ဘုရင့်နောင်တံတား‌ နှစ်စင်းအောက် ပန်းခြံတည် ဆောက်နေမှု၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ရန်ကုန်-ပုသိမ် လမ်းနှင့်ရန်ကုန်-ညောင်တုန်း လမ်းဆုံရှိ ဘုရင့်နောင်ပန်းခြံ တိုးချဲ့တည်ဆောက်နေမှု၊ ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက် ပုံဝင်းအတွင်း နွေစပါး(ဆင်း သုခ) စိုက်ပျိုးထားရှိမှု၊ ငါး အမိုင်လိုအကျိုးပြု ဇီဝဖျော်ရည် ထုတ်လုပ်နေမှုများကို သွား ရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ရှေးဦးစွာ မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၇ နာရီတွင် အင်းစိန်မြို့ နယ်  ပြည်လမ်းနှင့်ဇင်ဇီယာ လမ်းထောင့်ရှိ အောင်သိဒ္ဓိ ချောင်းကူးတံတားသို့ သွား ရောက်၍ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)က ချောင်းအတွင်း အမှိုက်နှင့်နုန်း များ ဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး ချောင်း တစ်လျှောက် မြက်ပင်ချုံနွယ် များခုတ်ထွင်ရှင်းလင်းရန်၊လမ်း ဘေးကျုးကျော်နေထိုင်မှုများ မရှိစေရေး ကြပ်မတ်ဆောင် ရွက်ရန်နှင့်ဇင်ဇီယာလမ်းတစ် လျှောက် သန့်ရှင်းသာယာလှပ ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ မြို့တော်ဝန် နှင့်အဖွဲ့သည် အင်းစိန်မြို့နယ် နှင့် မရမ်းကုန်းမြို့နယ်အကြား၊ တော်ဝင်လမ်းနှင့်မင်းဓမ္မလမ်း ထောင့်  အောင်သိဒ္ဓိချောင်းရေစီး ရေလာကောင်းမွန်ရေးဆောင် ရွက်ထားရှိမှုတို့ကိုကြည့်ရှု စစ်ဆေးပြီး အင်းစိန်မြို့နယ် ဘက်အခြမ်း ချောင်းအတွင်း မြက်ချုံနှင့်ကိုင်းပင်များပေါက် ရောက်၍ ချောင်းတိမ်ကော လာမှုကို ပြန်လည်တူးဖော်ရှင်း လင်းရန် မှာကြားသည်။

ထိုမှတစ်ဆင့်မြို့တော်ဝန် နှင့်အဖွဲ့သည် မရမ်းကုန်းမြို့ နယ်၊အမှတ်(၃)ရပ်ကွက်၊ အောင်သိဒ္ဓိလမ်းရှိ အောင်သိဒ္ဓိ ချောင်းကို အင်ဂျင်နီယာ (ရေစီးရေလာစီမံခန့်ခွဲမှု)က ရေစီးရေလာကောင်းမွန်စေရန် ချောင်းအတွင်းရှိ အမှိုက်နှင့်နုန်း များ ဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး ချောင်းတစ် လျှောက် မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းရန်၊လမ်းတစ် လျှောက် သန့်ရှင်းသာယာလှပ ရေးဆောင်ရွက်ရန်နှင့်မြေပိုများ ရှင်းလင်းရန် မှာကြားသည်။

ထို့နောက် မြို့တော်ဝန် နှင့်အဖွဲ့သည် အင်ဂျင်နီယာ(ရေစီးရေလာစီမံခန့်ခွဲမှု) က မရမ်း ကုန်းမြို့နယ် (၃) ရပ်ကွက်၊ မင်းဓမ္မလမ်းရှိ ၉ မိုင် ဆည် မြောင်းချောင်းအတွင်းနှင့် မင်းဓမ္မလမ်းနှင့် ကျိုက်ဝိုင်းဘုရား လမ်းထောင့် Terminal ဆီဆိုင် အနီး ရေမြောင်းအတွင်းမှ အမှိုက်နှင့်နုန်းများ ဆယ်ယူ ရှင်းလင်းနေမှု၊ သစ်ပင်အောက် တက်များ ခုတ်ထွင်ရှင်းလင်းနေ မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍  မြို့တော်ဝန် နှင့် အဖွဲ့သည် မရမ်းကုန်းမြို့နယ် နှင့် လှိုင်မြို့နယ်ကြား မင်းဓမ္မ လမ်းပေါ်ရှိ သမိုင်းချောင်းရေစီး ရေလာကောင်းမွန်ရေးအတွက် ချောင်းအတွင်းမှ အမှိုက်နှင့် နုန်းများ ဆယ်ယူရှင်းလင်းနေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထိုမှတစ်ဆင့် ဒုတိယ မြို့တော်ဝန်နှင့် အဖွဲ့သည် လှိုင် သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၄) ရပ်ကွက် ဘုရင့် နောင်တံတား‌သို့ သွားရောက်၍ ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနက ဘုရင့်နောင်တံတား နှစ်စင်းအောက် ပန်းခြံတည် ဆောက်နေမှု၊ မြေယာရှုခင်း ကောင်းမွန်စေရန် ယိုးဒယားဘဲ စားမြက်၊ စင်ကာပူချယ်ရီပင်များ၊ ဘွန်ဆိုင်းပင်များ၊ ရောင်စုံစက္ကူ ပန်းပင်များနှင့် Paulowniaပင် စိုက်ပျိုးထားရှိမှုများကိုလိုက် လံကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။

ထို့နောက်ဒုတိယမြို့တော်ဝန် နှင့်အဖွဲ့သည် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ရန်ကုန်-ပုသိမ် လမ်းနှင့်ရန်ကုန်-ညောင်တုန်း လမ်းဆုံရှိ ဘုရင့်နောင်ပန်းခြံ တိုးချဲ့တည်ဆောက်ရေးလုပ် ငန်းခွင်သို့ သွားရောက်၍ အင်ဂျင်နီယာဌာန (အဆောက် အအုံ)က အလျား ၁၀၈ ပေ၊ အနံ ၅၈ ပေ၊ အမြင့် ၁၄ ပေရှိ စုဝေးခန်းမ တည်ဆောက်နေမှု၊ ပွဲကြည့်စင်တည်ဆောက်ရန် မြေပြုပြင်ဆောင်ရွက်နေမှု၊ ဘုရင့်နောင်ပန်းခြံတိုးချဲ့မြေ နေရာနှင့် ရန်ကုန်-ပုသိမ်လမ်း ကြားရှိရေမြောင်းကို အင်ဂျင် နီယာဌာန (ရေစီး‌ရေလာစီမံ ခန့်ခွဲမှု)က အရှည် ၅၈၇ ပေ၊ အကျယ် ၈ ပေ၊ အနက် ၅ ပေ အုတ်ရေမြောင်းတည်ဆောက် နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယမြို့တော်ဝန်ကလုပ်ငန်း များသတ်မှတ် စံချိန်စံညွှန်းနှင့် အညီအမြန်ပြီးစီးရေးနှင့် လုပ် ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 

ဘုရင့်နောင်ပန်းခြံတိုးချဲ့ မြေနေရာတွင် ၁၀ ပေပတ်လည် ဆိုင်ခန်းပေါင်း ၃၀၀ ပါရှိသည့် လေးဧက ကျယ်ဝန်းသော ပျော်ပွဲ ရွှင်ပွဲကျင်းပရာနေရာ၊ ပွဲကြည့် စင်၊ ပဒုမ္မကြာရေပန်း၊ကလေး ကစားကွင်း၊ ကိုယ်လက်လှုပ် ရှား အားကစားပြုလုပ်ရန်နေရာ၊ အမှိုက်စွန့်ပစ်ရန်နေရာ၊ စုဝေး ခန်းမအဆောက်အဦနှင့်ယာဉ် အစီးရေ ၂၀၀ ရပ်နားနိုင်သည့် ယာဉ်ရပ်နားရန် နေရာများ ဆောင်ရွက်မည်ဖြစ်သည်။

ဆက်လက်၍ ဒုတိယ မြို့တော်ဝန်နှင့်အဖွဲ့သည် ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက် ပုံဝင်းအတွင်း  မြေဧရိယာ၄၃ ဧကတွင် နွေစပါး (ဆင်းသုခ)မျိုး  အတန်းလိုက် အစေ့ချစိုက် ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးထား ရှိမှု၊ ငါးအမိုင်လိုအကျိုးပြုဇီဝ ဖျော်ရည်ပုံး ၅၀  စမ်းသပ်ထုတ် လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ မှာကြား သည်။ 

အဆိုပါ ငါးအမိုင်လိုအကျိုး ပြုဇီဝဖျော်ရည် ထုတ်လုပ်ရာ တွင် တစ်ပုံးလျှင် ငါး ၁၃ ပိဿာ၊ ထန်းလျက် ၁၃ ပိဿာ အချိုးကျဖျော်စပ်ထုတ်လုပ်ပြီး ဖျော်ရည် ၃၀ လီတာ ထွက်ရှိ မည်ဖြစ်ရာ အဆိုပါငါးအမိုင်လို အကျိုးပြု ဇီဝဖျော်ရည်ကို စိုက် ပျိုးရေးလုပ်ငန်းများတွင် အသုံး ပြုနိုင်မည်ဖြစ်သည်။







သတင်း-မိုးမြင့်မောင် ဓာတ်ပုံ-ရွှေဝင်း






အခြားဆက်စပ်သတင်းများ