နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂ဝ၂၄ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး နွေရာသီအဆင့်မြင့်အားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်  ဧပြီ  ၂၄

၂ဝ၂၄  ခုနှစ် ရန်ကုန်တိုင်း ဒေသကြီး နွေရာသီအဆင့်မြင့် အားကစားသင်တန်းများ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ   (၁) ၊ သုဝဏ္ဏတွင် ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့်ကာယ ပညာကော်မတီ နာယက ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြော ကြားရာတွင် နွေရာသီကျောင်း ပိတ်ရက်ကာလအတွင်း လူငယ် များ အားလပ်ချိန်ကို အကျိုး ရှိစွာ အသုံးချ၍ အခြေခံအား ကစားနည်း            တစ်ရပ်ရပ်ကို လေ့ကျင့်လိုက် စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်၍ အရည်အချင်းမြင့်မားသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး၊လူငယ် နှင့်ပတ်သက်သည့်သင်တန်း များ၊ လှုပ်ရှားမှုများကို သက် ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စနစ်တကျ အရှိန်အဟုန်မြှင့်ဆောင်ရွက် စေပြီး လူငယ်များမျိုးချစ်စိတ် ဓာတ်ရှင်သန်ထက်မြတ်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး အနာဂါတ်ခေါင်းဆောင်ကောင်း များဖြစ်လာစေရန်စသည့် ရည် ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်းနှင့်နည်းပြဆရာများကစေတနာအပြည့်အဝထားပြီး လူငယ်များကျွမ်းကျွမ်း ကျင်ကျင်တတ်မြောက်သွား အောင်သင်ကြားပေးကြရန် ပြောကြားပြီး ၂ဝ၂၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး နွေရာသီအဆင်မြင့်အားကစားသင်တန်းများကိုဖွင့်လှစ်ပေးသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအား အားကစားပစ္စည်းများနှင့်ထောက်ပံ့ငွေများပေးအပ်သည်။

ယင်းနောက် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  Fitness Dance  ၊ ဝူရှူး၊  ရိုးရာ ခြင်းလုံး ၊ ကျွမ်းဘားတို့မှအားကစားအဖွဲ့များ၏ သရုပ်ပြသမှုကိုကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်၍ အားကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

အဆိုပါ အားကစားသင် တန်းများကို ဧပြီ ၂၃ ရက်မှ မေ ၂၄  ရက်အထိ  အားကစား နည်း (၁၆) နည်းဖြင့် သင် ကြားပေးသွားမည်ဖြစ်သည်။

 







ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ