နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရီးရဲလ်မက်ဒရစ်အသင်းနှင့် လမ်းခွဲမည်ဖြစ်ကြောင်း အသင်းခေါင်းဆောင် နာချို ကြေညာ

ဧပြီ ၂၄

ရီးရဲလ်မက်ဒရစ်အသင်း ခေါင်းဆောင် ခံစစ်ကစားသမား နာချိုက ယခုနှစ် ဘောလုံးရာသီ အကုန်တွင် အသင်းနှင့်လမ်းခွဲ သွားမည်ဖြစ်ကြောင်း အတည် ပြုကြေညာခဲ့သည်။

အသက် ၃၄ နှစ်အရွယ်ရှိ နာချိုသည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ရီးရဲလ်မက် ဒရစ်အသင်းနှင့်အတူ၂၀၁၁ ခုနှစ်က စတင်ခဲ့ပြီး ကစားသမား ဘဝ သက်တမ်း တစ်လျှောက် ရီးရဲလ်မက် ဒရစ်အသင်းတွင်သာ ကစား ခဲ့သူဖြစ်သည်။

နာချိုသည် ရီးရဲလ်မက်ဒရစ် အသင်းနှင့် ယခုနှစ်ဘောလုံး ရာသီအကုန်တွင် စာချုပ် သက် တမ်း ကုန်ဆုံးမည်ဖြစ် ပြီးအသင်း က သက်တမ်းတိုးစာချုပ်ချုပ်ဆို လိုနေသော်လည်း ၎င်းကိုယ်တိုင် က စိန်ခေါ်မှုအသစ်များ ရင်ဆိုင် လိုနေသည့်အတွက် အလွတ် ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ်ဘောလုံးရာသီ အကုန်တွင် ရီးရဲလ်မက်ဒရစ် အသင်းနှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ သည့် နာချိုကို ဆော်ဒီထိပ်တန်း ကလပ်အသင်းများကခေါ်ယူရန် စိတ်ဝင်စားနေပြီး အပြိုင်ကမ်း လှမ်းမှုများ ပြုလုပ်လာဖွယ်ရှိ ကြောင်း သိရသည်။






သူရိန်






အခြားဆက်စပ်သတင်းများ