နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အေစီမီလန်အသင်း ယခုနှစ် ဘောလုံးရာသီကုန်တွင် နည်းပြအပြောင်းအလဲလုပ်ဆောင်မည်

ဧပြီ ၂၄

အေစီမီလန်အသင်းကယခု နှစ် ဘောလုံးရာသီ အကုန်တွင် နည်းပြပိုင်အိုလီနှင့် လမ်းခွဲပြီး နည်းပြ အပြောင်းအလဲလုပ် ဆောင်ရန်ဆုံးဖြတ်ခဲ့ကြောင်းသိ ရသည်။

အသက် ၅၈ နှစ်အရွယ်ရှိ နည်းပြ ပိုင်အိုလီသည်အေစီမီလန် အသင်းကိုပြီးခဲ့သည့် ၂၀၁၉ခုနှစ် က စတင်တာဝန်ယူကိုင်တွယ် ခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီက နှစ်ပေါင်းများ စွာ ဝေးကွာနေသည့်အီတလီ စီးရီးအေချန်ပီယံဆု ဆွတ်ခူးပေး နိုင်ခဲ့သူဖြစ်သည်။

သို့သော် နည်းပြပိုင်အိုလီ သည် အသင်းကို ငါးရာသီတာဝန် ယူကိုင်တွယ်ခဲ့ရာ စီးရီးအေချန် ပီယံဆုရရှိခဲ့သည့် အပြင် ဘောလုံးရာသီတိုင်း ချန်ပီယံ လိဂ်ဝင်ခွင့်ရရှိအောင်စွမ်းဆောင် ပေးနိုင်ခဲ့သော်လည်းယခုနှစ် ဘောလုံး ရာသီတွင်အသင်း တာဝန်ရှိသူများက မျှော်လင့်ထား သည့် ရလဒ်များရရှိအောင်စွမ်း ဆောင်နိုင်ခြင်းမရှိသည့်အတွက် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်။

အေစီမီလန်အသင်းသည် ယူရိုပါလိဂ်ပြိုင်ပွဲကွာတားဖိုင် နယ်အဆင့်တွင် ဒေသတွင်း ပြိုင် ဘက် ရိုးမားအသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက် နည်းပြ ပိုင်အိုလီ၏ အနာဂတ် နှင့်ပတ်သက်၍ အရေးပေါ်ဆွေး နွေးမှု ပြုလုပ်ခဲ့ရာ ဘုတ်အဖွဲ့ ဝင်များက နည်းပြအပြောင်းအလဲ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။     







သူရိန်






အခြားဆက်စပ်သတင်းများ